ဧဒင်အချစ်ပုံပြင်: ချမ်းသာဒဏ် ခံနိုင်ကြပါစေ

Friday 3 August 2012

ချမ်းသာဒဏ် ခံနိုင်ကြပါစေ

မခံနိုင်က သူတစ်ဦးတည်း ပျက်စီးရပါသည်။ သာမန် ပုဂ္ဂိုလ်က ခေါင်းဆောင်နေရာ၊ ရာထူး၊ လုပ်ပိုင်ခွင့်နှင့် အာဏာရှိသူ ဖြစ် လာပါက ဒီအာဏာ လုပ်ပိုင်ခွင့်များ မှာ ယစ်မူးပြီး ချမ်းသာဒဏ် မခံနိုင် ဘဲ ပြောမှား၊ ဆိုမှား၊ အာဏာနှင့် လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးမချဘဲ ဖောက်လွဲဖောက်ပြန် လုပ်ပါက သူ့ကိုတင်မြှောက်လိုက် သောပြည်သူများပါ ဒုက္ခရောက်ရ ပါသည်။
နောက်တစ်ချက် ကျွန်တော်တို့သည် ဟိုတစ်ချိန်က တစ်ဦးတစ်ယောက်၏ အုပ်ချုပ်မှု အမိန့်အောက်တွင်သာ လုပ်ကိုင်ခဲ့ရရာ မိမိတို့ အရည်အချင်းကို ရှိရင်ရှိ သလောက် ဖော်ထုတ်ခွင့် မရှိပါ။ မပြောရဲ၊ မလုပ်ရဲ၊ မတင်ပြရဲ ဖြစ်ခဲ့ ၍ တိုင်းပြည်ဒုက္ခရောက်ခဲ့သည်ကို လူတိုင်းအသိ ဖြစ်ပါသည်။ ယနေ့ ကတော့ မိမိတို့ အရည်အချင်းရှိ ရင်ရှိသလောက် ပြောပိုင်၊ ဆိုပိုင်၊ လုပ်ပိုင်ခွင့်များ ရရှိလာသဖြင့် တစ်ဦးချင်း
အရည်အချင်းမှာ အထူး လိုအပ်လှပါသည်။ အာဏာကို ယစ်မူး၊ လုပ်ပိုင်ခွင့်ကို တလွဲသုံး၊ ရာထူးအပေါ်မှာ မောက်မာမှု ရှိရင် တော့ သမ္မတကြီး မိန့်ကြားသလို နောက်ချန်ထားခဲ့ရမည့်သူများသာ ဖြစ်ပါမည်။ ကျွန်တော် ဒီအချက်ကို အလေးအနက်ပြု ရေးသားရတာကတော့ ကျွန်တော်တို့ရဲ့ ပြီးခဲ့သော နှစ်ငါးဆယ် ခါးသီးသော အတွေ့ အကြုံအရ ရေးရခြင်း ဖြစ်ပါသည်။ ဒီမှာ ဘာတွေ့လဲဆိုတော့ ခေါင်း ဆောင်များ၊ လုပ်ပိုင်ခွင့်ရှိသူများ၊ အာဏာရှိသူများကို ဝန်းရံနေသော အဆင့်ဆင့်သော ပုဂ္ဂိုလ်များသည် ဝိုင်းပြီးညာ၊ ဝိုင်းပြီးလိမ်၊ အမျိုးမျိုး ဝိုင်းပြီးမြှောက်ကြလို့လည်း တိုင်း ပြည်ဒုက္ခ ရောက်ရခြင်း ဖြစ်ပါသည်။
တာဝန်ရှိသူတစ်ဦး ကွင်းဆင်း မည်ဆိုလျှင် နဂိုအရှိအတိုင်း မပြော ဘဲ (Make Up) ဟန်ပြလုပ်၊ လိမ် ညာပြောပြီး၊ အဖြစ်မှန် ဖုံးကွယ်ထား မှုများ၏ အန္တရာယ်ကိုလည်း ယခု ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ လုပ်ပိုင်ခွင့် ရှိသူများက သဘော ပေါက် သိရှိထားရမည်ဖြစ်ပါသည်။ မိမိကို လိမ်ညာသူလောက်မှ ဦး နှောက်မရှိက ဒီရာထူးနှင့် တန်မည် မဟုတ်ပါ။ မိမိ၏ အောက်ခြေ အဆင့်ဆင့်တွင် ဘယ်သူက ငါ့ကို မြှောက်နေသလဲ၊ ဘယ်သူက လိမ် ညာနေလဲ၊ ဘယ်သူက ရိုးသားလဲ၊ ဘယ်သူက လူလိမ်လဲ ဆိုတာကို ခွဲခြားသိရမည် ဖြစ်ပါသည်။ ဟိုတလောက ဂျာနယ်တစ် စောင်တွင် ဘုရင့်နောင်ဘက် မြို့ တော်ဝန် ကွင်းဆင်းစစ်မည်ဆို၍ လမ်းဘေးထမင်းဆိုင်များ၊ ကွမ်းယာ ဆိုင်များ ဖျက်သိမ်းခိုင်း၍ ထမင်း ငတ်ရသော အဲဒီပွဲရုံတန်းက လုပ်သားတစ်ဦး၏ ရင်ဖွင့်စာကို ဖတ်ရှုရပါသည်။ ယနေ့အထိ အကျင့်ဆိုးတွေ မပျောက်တာကတော့ အောက်ခြေပြောင်းလဲမှု မရှိခြင်း ဖြစ် ပါသည်။ နောက်တစ်ချက် ကျွန်တော် မီးမောင်းထိုးပြလိုတာ တစ်ခုက တော့ အထက်ဖား၊ အောက်ဖိ ဝန် ထမ်းတချို့၏ အကျင့်ဆိုးများပင် ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်ရှိသူ ရှေ့ တွင် တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ် တတ်သော ဗီဇကြောင့် ဖြစ်သည့် အကျင့်ဆိုးများကိုလည်း ယခုတိုင် အချို့ ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများတွင် တွေ့နေရပါသေး သည်။ ဒီအန္တရာယ်ကိုလည်း လုပ် ပိုင်ခွင့်ရှိသူများ၊ ခေါင်းဆောင်များ အထူး သတိထားရမည် ဖြစ်ပါ သည်။
မိမိ လက်အောက်လူများ ဘယ်သူက လူတော်၊ လူကောင်း၊ ဘယ်သူက အရည်အချင်းရှိသူ၊ ဘယ်သူက ငါ့ကိုဖားပြီး လုပ်နေ သူဆိုတာကို သဘောပေါက်ထား ရမည် ဖြစ်ပါသည်။ နောက်တစ်ချက် ကျွန်တော် တင်ပြလိုတာက မိမိတို့ကို ပေါင်း စားပြီး ဒုက္ခပေးမည့် စီးပွားရေး သမားများ အန္တရာယ်ဖြစ်ပါသည်။ ယခင် တစ်ချိန်ကတော့ ယခု ခေတ် စားနေသော ခရိုနီများ၏ အန္တရာယ် ဖြစ်ပါသည်။ စီးပွားရေးသမားများ သည် ငွေကို ဘယ်လိုရရ သိုက် တူးမည့်သူများ ဖြစ်ပါသည်။ မိမိ ၏ လုပ်ပိုင်ခွင့်အာဏာကို အမျိုး မျိုး ဖျားယောင်းပါမည်။ မိန်းမ၊ အရက်၊ ငွေ၊ ပစ္စည်းဥစ္စာတို့ဖြင့် ဖျားယောင်းပြီး ချမ်းသာဒဏ် မခံနိုင်ပါက မိမိဘဝပျက်ပြီး မိမိကို အားကိုးတင်မြှောက်လိုက်သော ပြည်သူများ သာ ဒုက္ခရောက်ရမည် ဖြစ်ပါသည်။ ဟိုတစ်ချိန်က စကား နှင့် ပြောရလျှင် ‘ငါးသလောက် စားလျှင် ချက်စားလျှင် အရိုးစူးမည်၊ ပေါင်းစားလျှင် အရိုးပါ စားလို့ရမည်’ ဟုပင် ပြောစမှတ်ရှိခဲ့ပါသည်။
ဒါကြောင့်လည်း ပေါင်းစားသူများ ချမ်းသာပြီး ပြည်သူအများစုမှာ ဆင်းရဲတွင်း နက်ခဲ့ရပါသည်။ ဒါတွေက စာတွေ့မဟုတ်ပါ။ လက် တွေ့ တွေ့ကြုံခံစားခဲ့ရသည်များသာ ဖြစ်ပါသည်။ ဒီနေရာမှာ ကျွန်တော် လွန်ခဲ့သော နှစ်အနည်းငယ် နိုင်ငံခြားသတင်းတစ်ပုဒ်ကို ဖတ်ရှုရတာကို တင်ပြလိုပါသည်။ နိုင်ငံခြား သတင်းထောက်တစ်ဦး ကျူးဘားရောက်တော့ သာမန်ပြည်သူတစ်ဦးကို အင်တာဗျူးလုပ်ရာတွင် ”ခင်ဗျားတို့ ခေါင်းဆောင်ကြီး ကတ်စထရိုကို ဘယ်လိုမြင်လဲ”ဟုမေးတော့ အမေးခံရသူက”ကျွန်တော်တို့ခေါင်းဆောင် ကြီးကတော့ မဆိုးပါဘူး။ ဒါပေမဲ့ သူ့ကို ဝိုင်းညာနေသူများကတော့ တော်တော်ဆိုးတာပဲ” ဟူ၍ ပြောသွားတာကို အမှတ်ရပါသည်။
ကျွန်တော်တို့ နိုင်ငံ လည်း ခေါင်းဆောင် အဆက်ဆက်ကို ဝိုင်းညာ နေသူများကြောင့်ဒုက္ခရောက်ခဲ့သည် မှာ ဒဏ်ရာပင် မပျောက်သေးပါ။ ဒါကြောင့် ကျွန်တော့် ဆောင်းပါးကို နိဂုံးမချုပ်မီ NLD ဥက္ကဋ္ဌက တော့ သူ့ပါတီဝင်များကို သတိပေး တပ်လှန့်ခဲ့သလို ကျွန်တော်ကတော့ ယနေ့ ခေါင်းဆောင်အဆင့်ဆင့်၊ လုပ်ပိုင်ခွင့်နှင့် အာဏာရှိသူများ အနေဖြင့် ပညာရှိ သတိဖြစ်ခဲ မဖြစ်ရလေအောင် ”ချမ်းသာဒဏ် ခံနိုင်ကြပါစေ” ဟု ဆုတောင်းရင်း နိဂုံးချုပ်ပါသည်။
ဘိုကြီး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...