ဧဒင်အချစ်ပုံပြင်: ဦးခေါင်းနှစ်လုံး ခန္ဓာကိုယ်တစ်ခုသာရှိသော အမြာညီအစ်မနှစ်ဦးပါဝင်ထားသည့်ဇာတ်လမ်း သြဂုတ်လ ကုန်ပိုင်းတွင် ထုတ်လွှင့်မည်

Tuesday, 14 August 2012

ဦးခေါင်းနှစ်လုံး ခန္ဓာကိုယ်တစ်ခုသာရှိသော အမြာညီအစ်မနှစ်ဦးပါဝင်ထားသည့်ဇာတ်လမ်း သြဂုတ်လ ကုန်ပိုင်းတွင် ထုတ်လွှင့်မည်

ဦးခေါင်းနှစ်လုံးနှင့် ခန္ဓာကိုယ်တစ်ခုသာပါရှိသည့် အမေရိကန်နိုင်ငံသား အမြွှာညီအစ်မနှစ်ဦး ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားသည့် h”Abby and Brittany” အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို သြဂုတ် ၂၈ ရက်တွင် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။
အဆိုပါညီအစ်မနှစ်ဦး၏အမည်မှာ အဘီဂေးလ်နှင့် ဘရစ်တနီဟန်ဆယ်လ်တို့ဖြစ်ပြီး ၄င်းတို့ညီအစ်မတွင် ဦးခေါင်းနှစ်လုံး၊ ခန္ဓာကိုယ်တစ်ခု၊ ကျောရိုးနှစ်ခု၊ နှလုံးနှစ်ခု၊ အစာရေမျိုနှစ်ခု၊ အစာအိမ် နှစ်ခု၊ ကျောက်ကပ်သုံးခု၊ ဆီးအိတ်နှစ်ခု၊ အဆုတ်လေးခု၊ အသည်းတစ်ခု၊ သွေးလည်ပတ်မှုစနစ်တစ်ခုနှင့် အာရုံကြောစနစ် တစ်ခုတို့ ပါရှိကြောင်း သိရသည်။
၎င်းတို့ အမြွှာညီအစ်မနှစ်ဦးကို မွေးဖွားခဲ့စဉ်က ထူးခြားသောအခြေအနေကြောင့် မိဘနှစ်ပါးအပါအဝင် ဆရာဝန်များ အားလုံးက ရက်ပိုင်းလောက်သာ အသက်ရှင်မည်ဟု မျှော်မှန်းခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် ၄င်းတို့ နှစ်ဦးစလုံးသည် သက် ၂၂ နှစ်အရွယ်ရှိ လှပသောအမျိုးသမီးလေးများ ဖြစ်နေ ကြပြီဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...