
ရှိပြီးသား သီချင်း တွေကိုပဲဆိုဖြစ်မယ်။ အသစ်ကတော့ မဆို ဖြစ်ဘူး။ အလှူငွေ ကောက်ခံပေး တဲ့နေရာမှာ ကျွန်တော် တို့ တတ်နိုင်တဲ့ အနုပညာဘက် ကနေ အမြဲတမ်း ကူညီပေးနေ မှာပါ။ အခုလို ကူညီခွင့်ရတဲ့အတွက် ဦးစီးပြီးလုပ်ပေးတဲ့ ရခိုင်၊မာန်အောင် ကျွန်းမှာရှိတဲ့ သူငယ်ချင်း၊ အစ်ကို၊
အစ်မတွေကို ကျေးဇူးတင်ပါ တယ်။ ၁၉ ရက်နေ့ ဖျော်ဖြေပွဲ ကရတဲ့ အကျိုးအမြတ် ကိုလည်းလှူဒါန်း မှာပါ'' လို့ ပြောပြ ပါတယ်။ ရခိုင်ပြည်နယ် အတွက် ရန်ပုံငွေဖျော်ဖြေ ပွဲတွေမှာ သီချင်း သီဆို ဖျော်ဖြေသလို လတ်တလော City FM သီချင်းခွေ မှာ လည်း နေတိုး ရဲ့ သီချင်းသီဆိုမှုကို ပရိသတ်တွေ အားပေးကြတာကြောင့်... ''ကျွန်တော် ငယ်ငယ်ကတည်းက၊ သရုပ် ဆောင် မလုပ်ခင်ကတည်းက သီချင်းဆိုရတာကို ဝါသနာပါတာ။ အနုပညာကို ချစ်တဲ့ စိတ် ကြောင့် အနု ပညာနဲ့ပတ်သက်တဲ့အရာတွေ အကုန်လုံးကို လောဘတကြီးနဲ့ လုပ်တတ် ချင်တယ်။ လေ့လာချင်တယ်။ ဒီလိုလေ့လာ ခွင့်ရတဲ့ အတွက် လည်း ကျေနပ် မှု ရှိတယ်။ 'လို့ သီချင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
နေတိုးက လတ်တလောမှာတော့ 'ဟတ်စကီးချစ်သူ' ဇာတ်ကားကို ချစ်သုဝေ နဲ့ ရိုက်ကူး နေပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေ တဲ့ နေတိုးကို လတ်တလော အင်တာနက်ပေါ်က ကောင်မလေး တစ်ေ ယာက် ရဲ့ဓာတ်ပုံနဲ့ ပတ်သက်ပြီး ကောလဟလ ကိုလည်း မေး ကြည့်ဖြစ်ေ တာ့ ''တိတိကျကျ မဟုတ်ပေမယ့်လည်း နည်း နည်းတော့ သိပါ တယ်။ ဒါက လူတစ်ယောက် နဲ့တစ်ယောက် စိတ်ချင်း မတူဘူးပေါ့။ အင်တာ နက် တို့ ၊ဖေ့စ်ဘုတ် တို့ ဆိုတာ တစ်ဦး တစ်ယောက် ပုဂ္ဂိုလ်ရေးဆန်ဆန် သွားတာေ လ။ သရုပ်ဆောင် တစ်ယောက်ကို ကျွန်တော်တို့ ငယ်ငယ်တုန်း ကလည်း ကြိုက်တဲ့သရုပ် ဆောင်အပေါ်ခရေဇီ တအားဖြစ်တာရှိတယ် လေ။ အကုန် လုံး က အချိန်ကပဲ ဆုံးဖြတ်ပေး တာ၊ အချိန်ကပဲ အကောင်းဆုံးကုစား သွား မှာပါ''လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
No comments:
Post a Comment