ဧဒင်အချစ်ပုံပြင်: ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း

Sunday, 19 August 2012

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ အနီး ရေကြီးမှုမြင်ကွင်း



ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းရေကြီးနေသည်ကို ယနေ့နံနက်ပိုင်းကတွေ့ရစဉ်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်၊ အောင်သိဒ္ဓိကျောင်းလမ်း ရေကြီးနေသည်ကို ယနေ့နံနက်ပိုင်းကတွေ့ရစဉ်။


သြဂုတ်လ ၁၈ ရက်နေ့ ညမှ ၁၉ ရက်နေ့ နံနက် အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သမိုင်းလမ်းစုံအနီး ရေကြီးခဲ့ကြောင်း The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။

"မိုးရွာတိုင်းရေကြီးပါတယ်။ အဓိက က တော့ မြောင်းတွေပိတ်နေတယ်လို့ ထင်ပါတယ်" ဟု
၎င်း သမိုင်းအနီးတွင် နေထိုင်သူများက ပြောကြားသည်။

မိုးများရွာသွန်းမှုကြောင့် ယနေ့နံနက် အထိ ဘုရင့်နောင်လမ်းစုံနှင့် ဘုရင့်နောင် ကုန်းကျော်တံတားအကြား ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ဘုရင့်နောင် ပွဲရုံများထဲသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းအတွက် ကြက်သွန်အိတ်များ၊ မြေသြဇာအိတ်များ နှင့် အခြားသော ကုန်ပစ္စည်းများ ရေထိ၍ ဆုံးရှုံးပျက်စီးမှုများ ရှိကြောင်း ဘုရင့်နောင် ရေတမာလမ်းနေ ပွဲရုံပိုင်ရှင်များထံက စုံစမ်းသိရှိရသည်။

"ခုံကို နှစ်ဆင့်ခံထားရင်ဘာမှမဖြစ်ဘူး။ အခုက တစ်ဆင့်ပဲခံထားတော့ ရေက အဲ့နေရာအထိ တက်လို့ ရေထိ ဆုံးရှုံးမှုတွေ ဖြစ်တယ်" ဟုဘုရင့်နောင်ပွဲရုံ ရေတမာလမ်း အတွင်း နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယင်းအတူ ယခု မိုးရာသီမှာ ယခင် မိုးရာသီများနှင့် မတူပဲ မိုးပို၍ ရွာသွန်းကြောင်းနှင့် ကားလမ်းမများမှာလည်း ယခင်နှစ်ထက် ပျက်စီးကြောင်း ၎င်းပွဲရုံဝင်းအတွင်း နေထိုင်သူများထံမှ သိရသည်။








From: The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...