”သူတို့သုံးယောက်က တစ်ယောက်နဲ့ တစ်ယောက် Taste မတူကြဘူး။ အဲဒါကြောင့် ပါဖောမန့် ပိုကောင်းမယ် ထင်လို့ပါ။ သီချင်း တွေလည်း အားလုံးတိုင်ပင်ပြီး ရွေးတာပါ။ ကိုယ်ပိုင် သံစဉ်ပါပဲ။
တေးရေး ကတော့ အစုံပါပဲ။ သုံးယောက်ပေါင်း အတွက် နှစ်ပုဒ်ပဲကျန်ပါ တော့တယ်။ Audio ထွက်ပြီး ရင်တော့ ဒီသုံးယောက်နဲ့ ရှိုးတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်”လို့ သူ့ရဲ့ အစီ အစဉ်တွေကို ပီးပေါ်က ပြောလာပါတယ်။ လက်ရှိအချိန်မှာ မြန်မာ နိုင်ငံကပွဲစီစဉ် သူတွေအနေနဲ့ အခက်တွေ့စရာ တွေထဲမှာပွဲလုပ်ဖို့ နေရာအနေအထားက သိပ်အများ ကြီး မရှိတာကလည်း တစ်ခု အပါ အဝင်ဖြစ်ပါတယ်။
အဲဒီအပေါ်မှာ ပွဲစီစဉ်သူ တွေအနေနဲ့ ဘယ်လို စီစဉ်ထားတာရှိလဲဆိုတာ ပီးပေါ်ကိုမေးတော့ ”ဒီမှာကနေရာအများကြီး လိုသေးတယ်။ တစ်ခါတလေပွဲ လုပ်ဖို့အတွက် အဆိုတော်လည်းရပြီး စပွန်ဆာလည်းရှိတယ်။ လုပ်မယ့် နေရာမရှိတာမျိုးတွေ ဖြစ်တယ်။ အဲဒီ အတွက်မကြာခင် မှာတော့ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့စုပြီးတော့ နှစ်နေရာ၊ သုံးနေရာလောက် တော့ရှာဖို့ စီစဉ်နေ ပါတယ်။ ရရင်တော့အဲဒီ နေရာတွေမှာဘယ်ပွဲ မဆိုလုပ်လို့ရအောင် စီစဉ်နေ ပါတယ်။ ဘယ်နေရာမှာ စီစဉ်ဖြစ်မလဲ ဆိုတာတော့ သေချာပြောလို့ မရသေးပါဘူး” လို့ စီစဉ်သူ ပီးပေါ်ကပြောခဲ့ပါတယ်။

No comments:
Post a Comment