ဧဒင်အချစ်ပုံပြင်: မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်

Wednesday, 26 September 2012

မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်

အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော အဆိုတော် မာမာအေး ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခု နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။ “အခုဆိုရင် မြန်မာနိုင်ငံက အပြောင်းအလဲတွေ အများကြီး ဖြစ်လာပြီ။ ဂီတလောကရဲ့ကြီးမားတဲ့ အပြောင်းအလဲတစ်ခု အဖြစ် ဂီတအစည်းအရုံး သစ်ကြီးကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီး သွားပြီ။ နောက်ပိုင်းမှာ ပြည်တွင်းက အဆိုတော်တွေရဲ့ဖျော်ဖြေပွဲ တွေသာမကဘဲ ပြည်ပကို သွားရောက် နေထိုင်နေကြတဲ့ မြန်မာအနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲတွေနဲ့ နိုင်ငံတကာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေကို လည်း ပြုလုပ်ဖို့ရှိပါတယ်။ ဒါကြောင့် အန်တီမာမာအေးရဲ့ဖျော်ဖြေပွဲလုပ် ဖို့စီစဉ်ဖြစ်သွားတာပါ။ အန်တီကလည်း သူဆိုချင်တဲ့ သီချင်းလေးတွေကအစ ကြိုပို့ထားတာမျိုးလေးတွေ လုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ပွဲစီစဉ်သူကိုဘိုစန်းကရှင်းပြခဲ့သည်။

အဆိုတော် မာမာအေးသည် ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခေတ္တပြန်လာရန် စီစဉ်ထားကာ အဆိုပါကာလအတွင်း တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အဆိုတော် မာမာအေး၏ အသက် ၇၀ ပြည့်မွေးနေ့ အမှတ်တရအဖြစ် ကိုယ်တိုင်ရေးသားထားသည့် စာအုပ်ကို ဇူလိုင်လ က မြန်မာနိုင်ငံတွင် ဖြန့်ချိခဲ့ပြီး ဖြစ်သည်။
Ref: Weekly Eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...