“ မုံရွာမြို့ပေါ်ရှိ ဆိတ်သားလုပ်ငန်းရှင်အချို့ စည်ပင်သာယာဌာနနှင့် ပူးပေါင်း၍ နွား
ပေါက်ငယ်များအား ဆိတ်သားအဖြစ် ရောနှောရောင်းချလျက်ရှိ ”
အထောက်တော် ချက်စူ
မုံရွာမြို့ပေါ်ရှိ ဆိတ်သားလုပ်ငန်းရောင်းချ
လုပ်ကိုင်သူအချို့သည် စည်ပင်သာယာ ဌာနရှိ သားသတ်အုပ်ဆိုသူနှင့် ပူးပေါင်းကာ
နွားပေါက်ငယ်များအား သတ်ဖြတ်လျက် ဆိတ်သားအ ဖြစ်ရောင်းချလျက်ရှိကြောင်း မြ၀တီရပ်ကွက်ရှိ သားသတ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“ လယ်တီဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာစာကြောင့်
မုံရွာဒေသခံအချိုးက အမဲသား လုံးဝမစားကြပါဘူး။ အခုလို ဆိတ်သားဆိုပြီး
အမဲသားတွေရောနှောရောင်းချနေခြင်းဟာ ဘာသာတရားအရ အမှားအယွင်းတစ်ခုကိုကျူးလွန်လိုက်တာဖြစ်ပါတယ်” ဟု လယ်တီကျောင်း တိုက်မှ သံဃာတော်တစ်ပါးက မိန့်တော်မူခဲ့သည်။
မုံရွာမြို့ ၊မြ၀တီရပ်ကွက် ၊ကရုဏာဆေးပေးခန်းမြောက်ဘက်အနီးနေ
ဆိတ်သား သတ်လုပ်ငန်းပိုင်ရှင် ဦးသန်းလွင်၊ ဒေါ်သီတာ ဆိတ်သားသတ်လုပ်ငန်းမှ
စည်ပင်သာယာဌာန သားသတ်အုပ်တာဝန်ခံ ဦးမောင်တိုး ဆိုသူနှင့်
ဗိုလ်မှုးထွန်းဇော်ချစ် ဆိုသူများနှင့် ပူးပေါင်းကာ
ဆိတ်သားစားသုံးသူ
ဒေသခံပြည်သူများ သားငါးစားသုံးမှု အမှားအယွင်းဖြစ်ပေါ်စေရန် နွားသား
ပေါက်ငယ်များအားသတ်ဖြတ်၍ ဆိတ်သားသဖွယ် ရောနှောရောင်းချလုပ်ကိုင်လျ
က်ရှိကြောင်း သိရသည်။
“ ဦးသန်းလွင်ဆိတ်သားသတ်ခုံက ဆိတ်သားအစားထိုး
နွားပေါက်ငယ်လေးတွေကို သတ်နေတာတွေ့ရလို့ စည်ပင်က ဗိုလ်မှုး ထွန်းဇော်ချစ်
ရဲ့ဖုန်ကိုလှမ်းဆက်ပြီး အရေးယူပေးဖို့တိုင် တန်းခဲ့တယ်။ သူ့ဖုန်းက ၀၇၁ -
၂၃၃၈၄ ဖြစ်တယ်။ အာကြိမ်ကြိမ်ဆက်သွယ်တိုင်တန်းခဲ့ပေမဲ့
လာရောက်ဖြေရှင်းပေးတာမျိုး လုံးဝမရှိပါဘူး။ သားသတ်လုပ်ငန်းတွေအတွက်
တာဝန်ယူထားပြီး လေလံတွေရောင်းချထားပေမဲ့ ပြဿနာရှိလာတဲ့အခါ
တာဝန်ခံမှုမရှိတဲ့အတွက် စားသုံးသူတွေများ စွာထိခိုက်နစ်နာဆုံးရှုံးရပါတယ် ” ဟု ဆိတ်သားစားသုံးသူ ပြည်သူတစ်ယောက်က သလ္လာ ၀တီတိုင်းမ် သတင်းဌာနကို ဆက်သွယ်ပြောဆိုသည်။
မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အခွင့်အရေးလုပ်ငန်းလိုင်စင်များအား (၂၃.၁.၂၀၁၂) ရက်နေ့တွင် လေလံတင်ရောင်ချရန် သားသတ်လုပ်ငန်းရှင်များအပါအ၀င် အခြား လုပ်ငန်းရှင်အချို့အားဖိတ်ခေါ် ရောင်းချခဲ့ရာ လေလံဝယ်ယူလုပ်ကိုင်သူများသည် စီးပွားရေးတွက် ချေကိုက်မှုရှိစေရန် ယင်းကဲသို့ ဆိတ်သားအစား နွားသားငယ်များကို သတ်ဖြတ်ရောနှောလျက် ဆိတ်သားအဖြစ်ရောင်းချလုပ်ကိုင်နေသည်ဟု သိရသည်။
ဘာသာတရားအရ အမဲသားစားသုံးမှုရှောင်ကျဉ်ထားသူများသည်
ဆိတ်သားကိုသာလျင် ၀ယ်ယူစားသုံးကျသော်လည်း သက်ဆိုင်ရာစည်ပင်သာယာဌာန၏
မတော်လောဘ အဂတိလိုက် စားမှုများကြောင့် အမဲသားများကိုသာလျင်
ဝယ်ယူစားသုံးမိရသဖြင့် အဓိဌာန်ပျက်ပျယ်ကာ အခက်အခဲများနှင့်ကြုံတွေ့ရသည်ဟု ဆိုသည်။
No comments:
Post a Comment