ဧဒင်အချစ်ပုံပြင်: မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု မလုပ်ပါနဲ့ ~ ဟီလာရီကလင်တန်

Thursday, 27 September 2012

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု မလုပ်ပါနဲ့ ~ ဟီလာရီကလင်တန်



မြောက်ကိုရီးယားအစိုးရကဖွင့်ထားတယ်လို့ ယူဆရတဲ့ ရန်ကုန်က စားသောက်ဆိုင်တခု
 

 မြန်မာပြည်ရဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့  တိုင်းရင်းသားရေးရာ ပြဿနာများအတွက် အကူအညီတွေ၊ လူသားချင်းစာနာမှုအထောက်အပံ့တွေ ပေးမယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကမ်းလှမ်းလိုက်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာဆက်နွယ်မှုမှန်သမျှကို ဖြတ်တောက်ပစ်ရမယ်လို့လည်း ပြောလိုက်ပါတယ်။

မနေ့က နယူးယောက်မှာ သမ္မတ ဦးသိန်းစိန်နဲ့  တွေ့ဆုံစဉ် ၀န်ကြီးကလင်တန် ပြောလိုက်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်သုံးသပ်ကြသလို ဆက်ဆံရေးတိုးချဲ့ဖို့အစီအစဉ်တွေလည်း ဆွေးနွေးဖြစ်ကြတယ်လို့ အမေရိကန်အရာရှိတယောက်က ဆိုပါတယ်။
ဒါက ဒီခေါင်းဆောင် ၂ ယောက်ကြား တတိယအကြိမ်မြောက် တွေ့ဆုံခြင်းပါ။

မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု မလုပ်ဖို့ ၀န်ကြီးကလင်တန်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ကလည်း တော်တော်လေး သဘောတူပုံရတယ်လို့ သိရပါတယ်။

မူရင်း - irrawaddy.org/archives/15018



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...