ဧဒင်အချစ်ပုံပြင်: iPhone/iPAD နှင့် Mobile Device များတွင် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန်

Wednesday, 26 September 2012

iPhone/iPAD နှင့် Mobile Device များတွင် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန်

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ
ဟာကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာယနေ့ဆိုလျှင်
MP3 တရားတော် အပုဒ်ရေ ပေါင်း တစ်သောင်း၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်
ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၉၂၅ ဂစ်ဂါဘိုက် ခန့်ရှိနေပါပြီ။


ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။

ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်းလာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေ
မှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ 

သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များ
ကို http://www.dhammadownload.com  တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ယခု website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…


ကိုပဲလေးမှတဆင့် --ကိုလတ်(ပန်ဘဲတန်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...