မြန်မာနိုင်ငံတွင်
အနှေးယာဉ်များနှင့် ခြေချင်သွားလာသူများ၏ စည်းကမ်းဖောက်ဖျက်မှုကြောင့်
ရန်ကုန်တွင် တစ်နှစ်လျှင် အမှုငယ်ပျမ်းမျှ (၇၄၈)မှုနှင့် အမှုကြီး (၇၅)မှုခန့်
ဖြစ်ပွားနေရကြောင်း အမှု့စစ်တမ်းများအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ တိုးပွားလာသည့်အလျောက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီသည် အမြန်ယာဉ်များကိုသာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိ သော်လည်း အနှေးယာဉ်များနှင့် ပတ်သက်၍ အရေးယူမှုနှင့် ပညာပေးမှု အားနည်းနေသေးကြောင်း တွေ့ရှိရသည်။
အနှေးယာဉ်များတွင်
(အထူးသဖြင့် ဆိုက္ကားများသည်) လမ်းလယ်ခေါင်များတွင် သွားလာစီနင်း နေခြင်း၊
ထို့အပြင် ကုန်ပစ္စည်းများကို အဆမတန်တင်ဆောင်ခြင်းစသည်တို့
တွေ့ရှိနေရသော်လည်း အရေးယူမှုနည်းပါးနေသေးကြောင်း ယာဉ်ထိန်းရဲ
ဒုရဲအုပ်ဇော်မင်းထွန်းက ဆိုသည်။
“ကျွန်တော်တို့ဆီမှာ ဆိုက္ကားတွေကို လိုင်စင်ကြေးက (၃၀၀၀) ရှိတယ်လေ၊ ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ ဘာမှပတ်သက်မှုမရှိပါဘူး၊ လိုင်စင်လာလျှောက်ရင် ပေးတယ်၊ ဆိုက္ကား အားလုံးကို ကျွန်တော်တို့က စည်းကမ်းရှိရှိနင်းကြပါလို့မှ ပြောလို့မှ မရတာ။’ ဟု မြို့တော်စည်ပင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်
ဆိုက္ကားအရေအတွက် (၁၂၀၀၀)ကျော်ရှိကြောင်း သိရသည်။ မော်တော်ယာဉ် မတော်တဆ
ထိခိုက်မှုများ ဖြစ်ပွားခြင်း၏ ၃၀ ရာခိုင်နှုန်းသည် အနှေးယာဉ်များ၏
မှားယွင်းမှုကြောင့် ဖြစ်ကြောင်း မော်တော်ယာဉ်
စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူက ပြောသည်။
အနှေးယာဉ်(ဆိုက်ကားများ)
အလွန်အကျွံ ကုန်တင်ခြင်း၊ လူပိုတင်ခြင်း စသည့်အချက်များကြောင့်
မတော်တဆမှုများ ဖြစ် ပွားနိုင်ကြောင်း သိရှိရသည်။ ဆိုက္ကားတစ်စီးတွင်
လူနှစ်ဦးထက် ပိုတင်လျှင် ဥပဒေအရအရေးယူနိုင်ကြောင်းကိုလည်း သိရသည်။
“ကျွန်တော်တို့ကို
ဖမ်းပါတယ်ဗျာ။ ကျွန်တော်တို့ တစ်ခါနင်းမှ ရရင် အလွန်ဆုံး (၅၀၀)၊ ပြီးတော့
အလှည့်ကျ သွားရတာဆိုတော့ ကိုယ့်အလှည့်မှာ အသွားရင် ကိုယ်ပဲခံရတာလေ။ မိသားစု
စားဝတ်နေရေးက ရှိသေးတယ်။ ဟိုဟာ မတင်၊ ဒီဟာမတင်ရဆို အလုပ်က
သိပ်မကိုက်တော့ဘူး။’ ဟု အလုံ၊ ဆင်မင်းဈေးမှ ဆိုက္ကားသမား ကိုဇော်ထူးက ပြောသည်။
ထို့အပြင် အနှေးယာဉ်များသည် နယ်အချို့တွင် ဆိုလျှင် လိုင်စင်လျှောက်ထားခြင်းမရှိဘဲ အသုံးပြုနေခြင်းကိုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင်
ဆိုက္ကားတစ်စီးကို လိုင်စင်လုပ်မည်ဆိုလျှင် ကျပ်(၃၀၀၀)၊ အမည်ပြောင်း
(၁၅၀၀)၊ နံပါတ်ပြား (၆၀၀)၊ လူလိုင်စင်ကျပ် (၅၀၀)ကုန်ကျလျှက်ရှိသည်။
အနှေးယာဉ်
မောင်းနှင်သူ အများစုသည် စည်းကမ်းများကို နားမလည်ဘဲ လုပ်ကိုင်နေခြင်း
ဖြစ်သောကြောင့် ခရီးသည်ရော
မောင်းနှင်သူပါအန္တရာယ်များနိုင်သဖြင့်အနှေးယာဉ်မောင်းသူများစည်းကမ်းများကို
သိရှိစေရေးအတွက် ပညာပေးလုပ်ငန်းများကို အရေးယူမှုလုပ်ငန်းများထက် ပိုမို
ဆောင်ရွက်သင့်ကြောင်း ပြည်သူများက အကြံပြုပြောကြားသည်။
No comments:
Post a Comment