ဧဒင်အချစ်ပုံပြင်: သြစတြေးလျမှာ အခြေချနေထိုင်ဖို့ များကြောင်း သဇင်

Monday 22 October 2012

သြစတြေးလျမှာ အခြေချနေထိုင်ဖို့ များကြောင်း သဇင်

စက်တင်ဘာ ၁၄ ရက်နေ့က ခင်ပွန်း ဖြစ်သူ သက်နိုင်အောင်ဇေယျ နဲ့အတူ သြစတြေးလျကို ထွက်ခွာသွားတဲ့ သဇင်က အောက်တိုဘာ ၁၁ရက်နေ့ မှာတော့ သြစတြေးလျ နိုင်ငံမှာပဲ မင်္ဂလာ လက်မှတ်ရေးထိုး ပွဲပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာ လက်မှတ်ရေး ထိုးပြီး နိုဝင်ဘာ ၆ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံ ပွဲကို သြစတြေးလျနိုင်ငံ မှာ ထပ်မံ ကျင်းပဦးမှာဖြစ်ကြောင်း သဇင် က ပြောပါတယ်။ ခင်ပွန်းသည်ရဲ့ နေရပ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံကို လိုက်ပါသွားခဲ့သူ သဇင်က မြန်မာ နိုင်ငံကို သွား လိုက်ပြန်လိုက် လုပ်ဖြစ် နေမှာဖြစ်ပြီး သြစတြေးလျမှာ အခြေချ နေထိုင်ဖို့ များ ကြောင်းလည်း ပြောပါတယ်။ ဒီဇိုင်နာ အလုပ် ကို  ဝါသနာပါတာ ကြောင့် ခင်ပွန်းသည် နဲ့ အတူ နေထိုင်ရင်း သြစတြေးလျမှာ ဒီဇိုင်နာ ပညာရပ်ကို ဆည်းပူး သင်ယူဦးမှာ ဖြစ်ပါတယ်။ သြစတြေးလျကို ရောက်ရှိနေတဲ့ သဇင်ရဲ့သတင်းကို ပရိသတ်များ ဖတ်ရှုနိုင် ဖို့ ပေါ်ပြူလာက သဇင့်ကို အင်တာနက် ကနေ တစ်ဆင့် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ကလေးချီချင်ကြပြီ ဖြစ်တဲ့ အတွက် ကလေး
အမြန်ဆုံးယူ မှာဖြစ်ကြောင်း ပြော တဲ့   သဇင်က “သဇင့် အမျိုးသားကိုယ်တိုင်ကရော၊ နှစ်ဖက် မိဘ ကရော  ကလေးချီချင်ကြပြီ။ သဇင် ကလည်း တစ်ဦးတည်းသော သမီး၊ ကိုသက်နိုင်ကလည်း ဟိုဘက်မှာ သားအကြီးဆုံး ဆိုတော့ ကလေးလိုချင်ကြတယ်။ သဇင်ဆို ကလေးလေး ဘယ်အချိန် ရောက်လာမှန်း မသိပေမယ့် နေ့တိုင်း မေတ္တာ ပို့တယ် ။ ကောင်း ကောင်း မွန်မွန် မွေးနိုင်အောင်၊ ပုဂ္ဂိုလ်တွေ အကုန်စောင့်ရှောက်အောင် ကလေး စရှိကတည်းက မွေးဖွားလာတဲ့    အချိန်ထိ ပြည့်ပြည့်စုံစုံလေး ဖြစ်တော့ ကလေး အတွက် ပိုကောင်းတာပေါ့။ ဒါကြောင့် နေ့ တိုင်း ဆုတောင်းတယ်။ သဇင်ကလည်း သမီးလေး အရင်လိုချင်တယ်။ သမီးလေးဆို တော့ မိဘ အပေါ်မှာလည်း ပို နားလည်မယ် ပေါ့။ သဇင်က ကလေးနှစ်ယောက်လောက် မွေးမယ် စိတ်ကူးထားတော့ အကြီးကို မိန်းကလေး၊ အငယ်ကို ယောက်ျား လေးအဖြစ် လိုချင်တယ်။ ကိုသက်နိုင်က ပထမတော့ ယောက်ျားလေး လိုချင်တာ။ နောက်တော့ သဇင် က ပြောပြတာပေါ့နော်။ မိန်းကလေး ကျတော့ ပြောဆို ဆုံးမလို့ ကောင်းတယ်။ ယော က်ျား လေး အကြီးကျတော့ မိန်းကလေးနဲ့ ဆိုပြောဆို ဆုံးမ လို့ သိပ်အဆင်မပြေဘူး။ အဲဒီတော့မှ ကိုသက်နိုင်က  မိန်ကလေး အရင် လိုချင်တယ် ဖြစ်သွားတယ်”လို့ သဇင်က ဆိုပါတယ်။
ဝဿန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...