ယင်းအဆောက်အဦကို ရန်ကုန်မြို့ ၃၆ လမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါ Project ကို လာမည့်၂၀၁၃ နှစ်လယ်ပိုင်းတွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆောက်လုပ်မည်အချိန်ကာလမှာ ၁၈ လ၊၂၄ လနှင့် လပေါင်း ၃၀ ကျော်သာ ကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပက်သက်၍ တာဝန်ရှိသူတစ်ဦးက '' ကျွန်တော်တို့က ဒီဆောက်အဦက မြန်မာနိုင်ငံမှာ အမြင့်ဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒီမှာက ၁၆ထပ်ကျော်ရင် ခွင့်မပြုတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆောက်လုပ်ဖို့ စာတင်လိုက်တဲ့အခါကျတော့ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ ညှိုနှိုင်းဆောင်ရွက်ဆဲပါ။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော်တို့ ဒီပရော်ဂျက်ကို အမှန်တစ်ကယ် ဆောက်လုပ်သွားမှာပါ” ဟု ပြောခဲ့သည်။
ထို့အပြင် ဆောက်လုပ်ရာတွင်လည်း နိုင်ငံတကာ အဆင့်အတန်းမှီ ဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းအဆောက်အဦတွင် Shopping Mall နှင့် Office များကိုသာ အဓိကထားပြီး ဆောက်လုပ်သွားမည်ဖြစ်ပြီး လူနေတိုက်ခန်းများ အနည်းငယ်သာ ထည့်သွင်းဆောက်လုပ်သွားမည်ြုဖစ်ကြောင်းသိရသည်။ သို့သော် ယင်းအဆောက်အဦများ ဆောက်လုပ်ရာတွင်ကားပါကင်များကို သေချာစွာဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ငလျှင်ကြောရှိမရှိ သေချာစမ်းသပ်ပြီးမှ ဆောက်လုပ်မည်ဖြစ်ပြီး ယင်းအဆောက်အဦကို အနည်းဆုံး နှစ်တစ်ရာခံအောင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ဆောက်လုပ်ရာ၌ ကုန်ကျ မည့်ငွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်အထက် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ တိုက်ခန်းတစ်ခန်းကို ဘယ်လောက်ကျမယ် ဆိုတာတော့ မတွက်ချက်ရသေးပါဘူး။ ပြီးတော့လည်း ကျွန်တော်တို့က အမြင့်ဆုံး ဆောက်လုပ်မှာဖြစ်တဲ့အတွက် ဆောက်လုပ်တဲ့အခါကျရင်လည်း ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိကိုပါ သေချာစဉ်းစားပြီးတော့မှ ဆောက်လုပ်မှာပါ’’ ဟု ပြောသည်။
No comments:
Post a Comment