ဧဒင်အချစ်ပုံပြင်: တောင်ကြီးသားတွေ စုပြီး အခွေ လုပ်နေတယ်လို့ ပြောလာသူ လှိုင်ဦးမော်

Thursday 15 November 2012

တောင်ကြီးသားတွေ စုပြီး အခွေ လုပ်နေတယ်လို့ ပြောလာသူ လှိုင်ဦးမော်

ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကြီး မှာ လှိုင်ဦး မော်က ဒီနှစ် ပထမဆုံး အနေနဲ့ ဖျော်ဖြေခဲ့ပြီး မိုးလင်းပေါက် သီဆို ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
“ညနေ ၆နာရီကနေ မနက်၆နာရီ အထိ အလှည့်ကျ ဖျော်ဖြေကြတယ်။ ဒီလို မိုးလင်းပေါက်တစ်ခါမှ မဆိုဖူးတော့ ပင်လည်း ပင်ပန်းတယ်။ ပရိသတ် တအား အားပေး တာတွေ့တော့ ပျော်လည်း ပျော်ကြတယ်” လို့ လှိုင်ဦးမော်က ပျဉ်မနား အတွေ့အကြုံကို ပြောပါတယ်။
နယ်ပွဲတွေ အသွားများနေတဲ့ လှိုင်ဦးမော်က သီချင်း အခွေ အတွက်လည်း သိပ်လောမကြီးဘဲ အေးအေးဆေး ဆေး လုပ်တတ်သူပါ။ ဒါကြောင့် သူစီစဉ်ထားတဲ့ သူ့ရဲ့ အကောင်းဆုံး တေးများ အခွေကိုတော့ တန်ဆောင်တိုင်ပြီး လောက်မှပဲ ဆက်လက် ထွက်ရှိလာဖို့ ရှိတယ်လို့ သိရပါတယ်။

“အဲဒါက ကျွန်တော် အေးအေးဆေးဆေးမှပဲ လုပ်မှာပါ။ ကျွန်တော်က ဖြည်းဖြည်းချင်းပဲ လုပ်တတ်တယ်။ သိပ်ပြီး အလောမကြီးတတ်ဘူး။ ကျွန်တော့် အခွေတွေ ဆိုရင် အခွေတိုင်း လိုလိုစီစဉ်တာ ၃၊၄နှစ်လောက် ကြာတယ်။ အခု ရှိုးပွဲတွေမှာတော့ ပရိသတ်တွေက ကျွန်တော့်ရဲ့ ထွက် ရှိထားတဲ့ ၃ခွေထဲက သီချင်းတွေ အားလုံးကို မျှပြီး ကြိုက်ကြပါတယ်” လို့ ပြောတဲ့ လှိုင်ဦးမော်က လှိုင်ဦးမော်တို့  တောင်ကြီးသား အဆိုတော်တွေအားလုံး စုပြီး အခွေတစ်ခွေ ထွက်ရှိဖို့ ရှိတယ်လို့လည်း သိရပါတယ်။
“လောလောဆယ် ကျွန်တော်တို့ တောင်ကြီးသား အုပ်စုတွေစုပြီး အခွေတစ်ခွေ PTL စတူဒီယိုမှာ သွင်းနေတယ်။ တော်တော်များများတော့ ပြီးစနေပြီ။ တောင်ကြီး သားတွေ အကုန်နီးပါး ပါမယ်။ ဟန်ထွန်း၊ အယ်နောင်း၊ အစိုင်း၊ ပူစူး၊ သအို တို့နောက်ပြီး တခြား အဆိုတော်တွေ အားလုံး ၈ယောက် ပေါင်းပြီး လုပ်တာပါ။ နာမည် ကတော့ မပေးရသေးပါဘူး” လို့လည်း လှိုင်ဦးမော် ကပြောပါတယ်။
လှိုင်ဦးမော်က ဒီနှစ်ထဲ မှာတော့ ထူးထူးခြားခြား သိပ်လုပ်ဖို့ မရှိဘဲ ကိုယ်ကြိုက်တဲ့ ဂီတ ပုံစံတွေ ပရိသတ်ကို တောက်လျှောက် လုပ်သွားဖို့ ရှိပြီး လက်ရှိ အချိန်မှာတော့ လှိုင်ဦးမော်က Indie rock ပုံစံတွေကို နားထောင်ဖြစ် နေတယ်လို့လည်း သိရပါတယ်။
ရဲရဲ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...