ဧဒင်အချစ်ပုံပြင်: သမ္မတအိုဘားမားပုံတူရေးဆွဲသော လူငယ် မိန့်ခွန်းနားထောင်ရန် ဖိတ်ကြားခံရ

Sunday, 18 November 2012

သမ္မတအိုဘားမားပုံတူရေးဆွဲသော လူငယ် မိန့်ခွန်းနားထောင်ရန် ဖိတ်ကြားခံရ



7Day News Journal, 19 November 2012  — ရန်ကုန်- နိုဝင်ဘာ ၁၉
အမေရိကန်သမ္မတအိုဘားမားအားကြိုဆိုသော ပန်းချီပုံရေးဆွဲ ဖန်တီးခဲ့သည့် အသက်၁၉နှစ်အရွယ် အာကာကျော်ကို ယနေ့(နိုဝင်ဘာ ၁၉) ရန်ကုန်တက္ကသိုလ် ပြောကြားမည့် အိုဘားမား၏မိန့်ခွန်းကို တက်ရောက်နားထောင်ရန်ဖိတ်ကြားခြင်းခံရကြောင်း သတင်းရရှိသည်။

“လုံးဝကိုထင်မထားဘူး။ အရမ်းဝမ်းသာတာဘဲ”ဟု အာကာကျော်က 7Day News ကိုဖြေကြားသည်။

အာကာကျော်သည် သမ္မတအိုဘားမားအားကြိုဆိုသော ပုံတူကို ကန်တော်ကြီးပတ်လမ်းတွင်ပထမဆုံးအကြိမ်ရေးဆွဲပြီး ထိုပုံမှာ ဖျက်ဆီးခံခဲ့ရသည်။ ဒုတိယမြောက်ပုံတူကို ရွှေဂုံတိုင်လမ်းဆုံအနီး တွင် ထပ်မံရေးဆွဲခဲ့ပြီး ထိုပုံကိုလည်း ကားတစ်စီးဖြင့်လာရောက်ကာ ဆီဆေးအထုပ်များဖြင့် ပစ်ပေါက်ဖျက်ဆီးခံရသဖြင့် ပြန်ဆွဲထားရကြောင်း အာကာကျော်က ပြောသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...