တစ်ရှူးလိပ်
ရာပေါင်း များစွာဖြင့် ဖန်တီး ထားသော လှပသည့် လက်ရာမြောက် အနုပညာ ဖန်တီးမှု
တစ်ရပ် ကို တူရကီ နိုင်ငံသား အနု ပညာရှင် တစ်ဦး ဖြစ်သူ ဆာကီအာ
ဂေါ့စ်စီဘတ် ဆိုသူက တီထွင် ဖန်တီး ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ တီထွင် ဖန်တီးမှု
လက်ရာကို ဂျာမနီရှိ အနု ပညာ ပြခန်း တစ်ခုတွင် ခင်းကျင်း ပြသ ထားသည်။
လှပစွာ
လွင့်မြော နေသော လက်ရာမြောက် အနုပညာ ဖန်တီးမှု တစ်ရပ် ဖြစ်မြောက် လာရန်
အတွက်အဆိုပါ တူရကီ အနုပညာ ရှင် သည် ရေအိမ်သုံး တစ်ရှူးလိပ် များကို
နံရံများ ပေါ်တွင် ပြန့်ကျဲ ချလိုက်ပြီး အခြေခံ မွမ်းမံ မှုမှ စ၍ အသေးစိတ်
အလှ ဆင်မှု များကို နေ့ စဉ်နှင့် အမျှ စိတ်ရှည် လက်ရှည် ပြုပြင် ဖန်တီး
ထားခြင်း ဖြစ်သည်။
ဟမ်းဘတ်
အခြေစိုက် ဆာကီအာ ဂေါ့စ်စီဘတ်သည် ကျွန်ုပ်တို့၏ နေ့စဉ် သက်ဝင် လှုပ်ရှား
နေထိုင်မှုတွင် ကျွန်ုပ်တို့ သတိ မမူ မိသော သာမန် ပစ္စည်းများ ဖြစ်သော
တစ်ရှူး လိပ်များကို စူးစမ်း မိပြီးနောက် Trans-Layers ဟု အမည် ပေးထားသည့်
အနုပညာ ဖန်တီး မှုကို စတင် ခဲ့ခြင်း ဖြစ်သည်။
အသက်
၄၇ နှစ် အရွယ်ရှိ ၎င်းအနုပညာ ရှင်သည် ၁၉၉ဝ ပြည့်နှစ် အစောပိုင်းတွင် ၎င်း၏
အနုပညာ လုပ်ငန်းကို တူရကီ၌ စတင် ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၉၅ ခု နှစ်တွင်
ဂျာမနီသို့ ပြောင်းရွှေ့ အခြေ ချခဲ့သည်။
၎င်း၏
ဆုရ လက်ရာမြောက် အနုပညာ ဖန်တီးမှု များကို ဥရောပ တစ်လွှားရှိ ပြခန်း
များတွင် ခင်းကျင်း ပြသ ထားပြီး ၎င်း၏ အနုပညာ လက်ရာများ သည်သမား ရိုးကျ
မဟုတ်ဘဲ ဆန်းပြားသော သွင်ပြင် ရှိခြင်းကြောင့် ကျော်ကြားခြင်း ဖြစ်သည်။
ဥပမာ ဆိုရလျှင် ကျိုးနေသော ထီးများ၊ ကုတ်အင်္ကျီ ချိတ်များနှင့် တံမြက်စည်း
ဟောင်း ကဲ့သို့သော ပစ္စည်း များမှ ဖန်တီး ထားသော အနုပညာ လက်ရာ မျိုးပင်
ဖြစ်သည်။
မစ္စတာ
ဂေါ့စ်စီ ဘတ်သည် သာမန် ပစ္စည်းများမှ လှပ သေသပ်ပြီး ကဗျာ ဆန်သော အနုပညာ
လက်ရာများကို တီထွင် ဖန်တီး၍ နေ့ စဉ်နှင့် အမျှ ကြိုးပမ်း အားထုတ်လျက်
ရှိသည် ဟုလည်း ဝန်ခံ ပြောကြား ထားလေ သည်။
No comments:
Post a Comment