လတ်တလောမှာ မိုးယုစံက ဒါရိုက်တာ
ကျော်ဇောလင်း ရိုက်ကူးတဲ့ “ယောက္ခမ ရိုသေ အသက်ရှည်၊ ယောက္ခမရှိခိုး
သွားမကျိုး” ဇာတ်ကားမှာ ပြေတီဦး၊ စိုးမြတ်သူဇာ တို့နဲ့ အတူ
သရုပ်ဆောင်နေပါတယ်။ ကိုယ့်ကို ပရိသတ်တွေ သိလာတဲ့ အတွက် အောင်မြင်မှု
အတိုင်းအတာလေး တစ်ခုတော့ ရလာပြီ ဖြစ်ကြောင်း၊ ဒီ့ထက်မကျဘဲနဲ့ အလုပ်
တစ်ခုလုပ်ရရင် နောက် အလုပ်နှစ်ခု လုပ်နိုင်အောင် ပိုကြိုးစားရကြောင်း၊
ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိသလိုပဲ အားမပေးတဲ့ ပရိသတ်တွေ အတွက် လည်း
ကိုယ့်ကို ပိုပြီးချစ်ခင်နှစ်သက်အောင် ကြိုးစားနေကြောင်း မိုးယုစံက
ပြောပါတယ်။အကယ်ဒမီ ပေးပွဲလည်း နီးလာပြီ ဖြစ်တဲ့ အတွက် အနုပညာရှင်တွေ အနေနဲ့ ဘယ်လိုဒီဇိုင်း ပုံစံတွေနဲ့ ပွဲတက်ကြမလဲ၊ အကယ်ဒမီ ဘယ်သူရမလဲ ဆိုတာတွေ ကို စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် မိုးယုစံကိုလည်း အကယ်ဒမီ ပွဲတက်ဖို့အတွက် ဘာတွေပြင်ဆင် နေပြီလည်း လို့မေးတော့ “မိုးယု
ဘာမှတော့ မပြင်ဆင်ရသေး ပါဘူး။ အကယ်ဒမီ ပွဲကလည်း လိုသေးတယ်။ ကိုယ်အကယ်ဒမီ ရမယ့်ကားလည်း မပါသေးဘူး။ အဲဒါကြောင့် ဒီပွဲတက်တာက ကိုယ့်အနေနဲ့ ပွဲမှာဖက်ရှင် သွားပြတာနဲ့ အတူတူပဲ ဆိုတော့ သိပ်ပြီး ထွေထွေထူးထူးတော့ မပြင်ဆင်ပါဘူး။ မိုးယု အနုပညာ စလုပ်ကတည်းက နေပြည်တော် မှာပြုလုပ်တဲ့ အကယ်ဒမီ ပေးပွဲပဲ တက်ဖူးတာ။ အခု ရန်ကုန်မှာက မိုးယု အနေနဲ့ ပထမဦးဆုံး တက်ဖူးခြင်းဖြစ်ပါတယ်။ အကယ်ဒမီ ပေးပွဲတက်တာ ရိုးရိုး ပွဲတက် သလိုမျိုးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မိုးယုက Miss ပြိုင်ပွဲကနေ ရောက်လာတဲ့သူ ဆိုတော့ အကယ်ဒမီ ပေးပွဲမှာ ဆုကြေညာတဲ့ အချိန်ဆို အရမ်း ရင်ခုန်တယ်။ အကယ်ဒမီဆု ရတယ် ဆိုတာကလည်း ကိုယ့်ကို လက်တွဲခေါ်တဲ့ သူရှိမှ ပြီးတော့ ကံနဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
တွယ်တာ
No comments:
Post a Comment