ရှမ်းပြည်နယ်၊
မိုင်းဆတ်မြို့အ၀င်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့က တရားမ၀င် သေနတ်(၁)လက်၊ စိတ်ကြွရူး သွပ်ဆေးပြားများနှင့်
ယိုးဒယားငွေစက္ကူများ သယ်ဆောင်လာသူ (၄)ဦးကို ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ(၁၇)ရက်
ညနေပိုင်းမှာ မိုင်းဆတ်မြို့အ၀င် စစ်ဆေးရေးဂိတ်မှာ သတင်းအရ တပ်ထိန်းအဖွဲ့၊ မြို့နယ်
ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့မှ ရှာဖွေဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
တရားခံ(၄)ဦးကတော့ တိုက်ဂါး(ခဲရောင်)စီးနင်းလာတာဖြစ်ပြီး မိုင်းဆတ်မြို့ခံလူတွေလို့
သိရပါတယ်။
တရားခံ(၄)ဦးပုံ
သိမ်းဆည်းရမိခဲ့တဲ့ပစ္စည်းတွေကတော့
အေကေ-47 (၁)လက်နဲ့ ကျည်ဆံ(၅၀)တောင့်ကျော်ပါရှိပြီး မူးယစ်ဆေးဝါး ကတော့ WY စာတမ်းပါ
ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၉၀၀)ကျော်၊ ကာလတန်ဖိုး(၂၄)သိန်းခန့်နဲ့ ယိုးဒယားနိုင်ငံသုံးငွေ
ဘတ်(၈၀၀၀၀)ကျော်ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တရားခံ(၄)ဦးကို မိုင်းဆတ်ရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်
ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသည့်ပစ္စည်းများနှင့် တရားခံများစီးလာသည့်ကားပုံ
shannnews
No comments:
Post a Comment