ဧဒင်အချစ်ပုံပြင်: လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

Friday, 23 November 2012

လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၂ ရက် နေ့ခင်းက ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ လက်နက်ခဲယမ်းတွေနဲ့ ငွေတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့သတင်းမှာ ပါရှိပါတယ်။
တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားလမ်းရှိ ကျိုင်းတုံမြို့အ၀င် နောင်နွန်းစစ်ဆေးရေးဂိတ်မှာ တာချီလိတ်ကနေ ကျိုင်းတုံကို မောင်းနှင်လာတဲ့ လိုက်ထရပ်အနီရောင် ကား ၁ စီးကို စစ်ဆေးရာမှာ ယာဉ်ရှေ့ထိုင်ခုံအောက်နဲ့ နောက်ခန်းအတွင်းကနေ တွေ့ရှိတာလို့ ဆိုပါတယ်။
တွေ့ရှိတာတွေကတော့ အမျိုးအစားစိစစ်ဆဲ သေနတ် ၆ လက်။ အမ်-၇၉ ၂ လက်။
ဝင်ချက်စတာ ပြောင်းချော ၆ လက်။ ၉ မမပစ္စတို ၄ လက်နဲ့ ကျည် ၁ဝဝဝ တောင့် ကျည်အိမ် ၈ ခု။ ၇.၆၂ ကျည် ၂၃၃ တောင့်။ ပွိုင့် ၂၂ ကျည် ၅ဝဝ တောင့်။ အသံတိတ် ကိရိယာ ၂ ခု။ လက်နက်ဖြုတ်/တပ် ကိရိယာ  ၅ ခု။ ကျည်ထည့်ကိရိယာ ၄ ခု။ ကော်ဆိုဒ် ၂ ခု။ စနိုက်ပါသေနတ်ထည့်သားရေအိတ် ၄ ခု။ ငွေစက္ကူကျပ် ၄၃၈၅ဝဝိ/-။ မြန်မာလက်ကိုင်ဖုန်း ၁ လုံး။ ထိုင်းလက်ကိုင်ဖုန်း ၁ လုံးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဒီလက်နက်ခဲယမ်းတွေကို အခကြေးငွေရယူပြီး သယ်ဆောင်လာတယ် ဆိုတာ ပေါ်ပေါက်တဲ့အတွက် ပတ်သက်သူ ၅ ဦးကို ကျိုင်းတုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ 
by- dvb

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...