
အဆိုပါဆိုင်သည် နိုင်ငံတကာ တွင် လူကြိုက်များ ရေပန်းစားနေသော တန်ဖိုးကြီး လူသုံးကုန်ပစ္စည်းများ၊ အဝတ် အထည်များနှင့် အလှကုန် ပစ္စည်းများကို အဓိကထားပြီး ရောင်းချသွားမည်ဖြစ်ပြီး ယခင် FMI
Center နေရာတွင် ဖွင့်လှစ် နိုင်ရန် FMI ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေကြောင်း ယင်း ဆောက်လုပ်ရေးမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဆိုင်ကိုဦးစီးမည့် Parkson Myanmar Investment ကုမ္ပဏီကို Parkson Myanmar Co.,Pte.Ltd.၊ Yoma Strategic Holdings Ltd.(YSH) နှင့် First Myanmar Investment Co.,Ltd.(FMI) တို့ပူးပေါင်း ထူထောင်ရန် နိုဝင်ဘာ ၅ ရက်နေ့က သဘောတူညီခဲ့ကြသည်။ ယင်းကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင် မှုအနေဖြင့် Parkson Myanmar က ၇၀ ရာခိုင်နှုန်း၊ YSH က ၂၀ ရာခိုင်နှုန်းနှင့် FMI က ၁၀ ရာခိုင်နှုန်းပါဝင်မည်ဖြစ် ကြောင်း Yoma Strategic Holidings ကုမ္ပဏီက တရားဝင်ကြေညာချက်ထုတ် ပြန်ခဲ့သည်။ မလေးရှားအခြေစိုက် အဆိုပါ Parkson လက်လီ စတိုးဆိုင်သည် မလေးရှား နိုင်ငံ အနှံ့အပါအဝင် တရုတ်၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း ဆိုင်ခွဲများဖွင့်လှစ်ထားသည်။
No comments:
Post a Comment