ဧဒင်အချစ်ပုံပြင်: ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ် (vedio)ဖိုင်

Wednesday 12 December 2012

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ် (vedio)ဖိုင်

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

 မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာ
ဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင်ကျင်းပသည့်လက်ထပ်မင်္ဂလာအခမ်းအနား
သို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အ
နဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး
မင်္ဂလာကတိသစ္စာပြု
ခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်
လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲတက်ရောက်ချီးမြှင့်သည်
ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှလွှတ်တော်ကိုယ်စားလှယ်အချို့နှင့်ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ နိုင်ငံရေး
အကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်
က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

125
အနဂ္ဂနှင့် သံသာဝင်းတို့၏ မင်္ဂလာပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိန့်သြဂတ်စတင်း ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
မင်္ဂလာပွဲသို့ နှစ်ဘက်မိဘများ ဖိတ်ကြားထားသူများနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။
“ချစ်သူသက်တမ်း ၄ နှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ယုံကြည်မှုတွေ တည်ဆောက်ခဲ့ပြီးမှ ဒီနေ့လို မင်္ဂလာပွဲလေး ဖြစ်လာတာပါ။ ၁၂-၁၂-၂၀၁၂ ရက်နေ့ လေးက ထူးခြားတဲ့နေ့လေး တစ်နေ့ဖြစ်သလို သံသာတို့အတွက်လည်း ၁၂ ရက်ဆိုတာ အမှတ်တရနေ့လေး တစ်နေ့ပါ” ဟု သံသာဝင်းက ဆိုပါသည်။
ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဧည့်ခံပွဲတွင် ဖြူဖြူကျော်သိန်း၊ လေးလေးဝါးနှင့် ချောစုခင်တို့က မင်္ဂလာမောင်နှံအတွက် သီချင်းများ သီဆိုပေးခဲ့ကြပြီး လူမင်း၊ ထွန်းအိန္ဒြာဗို၊ Rဇာနည်၊ ရန်ရန်ချမ်း၊ ယုဇန၊ မြင့်မိုးအောင်နှင့် ဆုန်သင်းပါရ် တို့လည်း တက်ရောက်ခဲ့ကြသည်။ ထို့ပြင် မေစံပယ်ညို၊ ရေဗက္ကာဝင်း၊ မေခလာ၊ ဟေမာနေ၀င်း၊ ဂရေဟမ်၊ ဇေယျာသော် စသည့် အနုပညာမောင်နှမများလည်း တက်ရောက်ခဲ့ကြသည်။
အနဂ္ဂနှင့် သံသာဝင်းတို့၏ လက်ထပ်မင်္ဂလာပွဲကို နံနက်ပိုင်းတွင် စိန့်သြဂတ်စတင်း ဘုရားကျောင်း၌ ခရိယာန်ဘာသာ ထုံးတမ်းဓလေ့များအတိုင်း လက်ထပ်ခဲ့ကြပြီး ညပိုင်းတွင် Chatrium Hotel ၌ ညစာစားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
7days News:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...