ဧဒင်အချစ်ပုံပြင်: စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်လင်းအနိုင်ပြုကျင့်ပြီးထွက်ပြေး

Tuesday 18 December 2012

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်လင်းအနိုင်ပြုကျင့်ပြီးထွက်ပြေး

"ယနေ့(18-12-2012)နေ့ည (၉)နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်လင်းသည် ရွှေတော်ဝင်ဆေးရုံကြီးရှေ့တွင် မုံရွာမြို့ ကွေ့ကြီးရပ်ကွက်နေ မ၀တ်ရည်သင်း အား အနိုင်ပြုကျင့်ပြီးထွက်ပြေး"
ဒုရဲအုပ်ကျော်လင်းသည် (2005)ခုနှစ်ဝန်းကျင်က မုံရွာမြို့ အမှတ်(၁)ရဲစခန်း
တွင် စခန်းမှူးအဖြစ်တာဝန်ထမ်ေးဆာင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုအခါတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် တာဝန်များထမ်းဆောင်နေသူတစ်ဦး ဖြစ်ကြောင်း မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရသိရပါသည်။
(18-12-2012)နေ့ ည(၉)နာရီအချိန်ခန့်တွင် မ၀တ်ရည်သင်းအား ၄င်း၏ ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ မုံရွာမြို့ သာစည်လမ်း မီးပွိုင့်သို့ရောက်ရှိလာ ခဲ့ပြီး ၄င်းမီးပွိုင့်တွင် တာဝန်ကျနေသော ယာဉ်ထိန်းရဲ -ကိုနေ၀င်း ထံတွင် ဆိုင်ကယ်ကိုအပ်နှံပြီး ဆိုက္ကားတစ်စီးကို တာဝန်ကျယာဉ်ထိန်း ကိုနေ၀င်းအား
မှခေါ်ယူပေးခဲ့ရာ ၄င်းဆိုက္ကားပေါ်တွင် ရဲအုပ်ကျော်လင်းနှင့်မ၀တ်ရည်သင်း တို့သည် အတူတစ်ကွစီနင်းလာပြီး ရွှေတော်ဝင်ဆေးရုံကြီးရှေ့သို့အရောက် တွင် ဒုရဲအုပ်ကျော်လင်းမှာ ဆိုက္ကားပေါ်မှခုန်ဆင်းပြီး ရွှေတော်ဝင်ဆေးရုံ နှင့် ရွှေလီဦးစားသောက်ဆိုင် လမ်းကြားအတိုင်းထွက်ပြေးသွားသဖြင့် မ၀တ်ရည် သင်းက ဆိုက္ကားဆရာအားအမြန်နင်းပြီးလိုက်ရန်ပြောကြားခဲ့ပြီး လိုက်သွား ခဲ့ပါသည်။သို့သော်လည်း ၄င်းမှာ မမှီလိုက်သဖြင့် ရဲအုပ်ကျော်လင်း ကိုင်ဆောင်သော (09 4004220632)သို့ဆက်သွယ်ခဲ့ရာ မကိုင်သဖြင့် လမ်းဘေး pco ဖုန်းမှခေါ်သော်လည်းမကိုင်သဖြင့် မ၀တ်ရည်သင်းမှာ များစွာ အခက်အခဲဖြစ်ခဲ့ရသည်ဟုသိရသည်။
မ၀တ်ရည်သင်းအား ခိုးယူပေါင်းသင်းနေသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ် သည်ဟုသိရသည်။ မ၀တ်ရည်သင်း တွင် ၇ဲအုပ်ကျော်လင်းဆိုသူက နည်းမျိုး စုံနှိပ်စက်ခြင်း ထိုးနှက်ခြင်းများခံခဲ့ရကြောင်း ယခုရက်ပိုင်းအတွင် ၄င်း၏ရိုက် နှက်မှုများကြောင့် နားရင်းတွင်ဒဏ်ရာအကြီးအကျယ်ရရှိနေကြောင်းသိရ သည်။
ရဲအုပ်ကျော်လင်း၏သားမှာလည်း sb ဌာနတွင်တာဝန်ထမ်းဆောင်နေသော ရဲတစ်ဦးဖြစ်ကြောင်းလည်းသိရပါသည်။
by- ThanLarWaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...