ဧဒင်အချစ်ပုံပြင်: လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင်အမျိုးသမီး အား လက်ရဖမ်းမိ

Tuesday, 18 December 2012

လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင်အမျိုးသမီး အား လက်ရဖမ်းမိ


ဒီဇင်ဘာ ၁၉၊ ၂၀၁၂

အောင်ခန့်

        ဘန်ကောက်မြို့၅၆ကီလိုမီတာခန့်အကွာတွင် ရှိသော နကော့ပထုန်နယ်မြေ ဝပ်နာနာဖိလုံး သစ်ခွ ပန်းခြံတွင် မြန်မာအလုပ်သမားများ ကို ရောင်းစား ထားသော ဂိုဏ်းခေါင်းဆောင်၂ဦးနှင့် အပေါင်းအပါ ၂ဦးတို့အား လူကုန်ကူးပူးမှုတိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့က လက်ရဖမ်းဆီးနိုင်ခဲ့သည်။

            ဒီဇင်ဘာဘ ၁၇ ရက်နေ့ညနေ ၆ နာရီခန့်တွင် လူကုန်ကူး သည့်ဂိုဏ်းခေါင်းဆောင်အမျိုးသမီး၏ အပေါင်းပါ  ဖြစ်သော မဥမ္မာထွေး နှင့်ကိုရဲမင်းနိုင်တို့အား ဦးစွာ လက်ရ ဖမ်းဆီးခဲ့ပြီးနောက် ညဥ့် ၁ နာရီခန့် တွင် ဂိုဏ်းခေါင်းဆောင် အမျိုးသမီး အသက် ၃၉ နှစ်အရွယ် မသူဇာ နှင့် အသက်၃၂နှစ် အရွယ် ကိုအောင်ဇော် တို့အား ထမ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

      လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင်၂ဦး၊အပေါင်းပါ ၂ ဦး နှင့်အတူလူ ကုန်ကူးခံထားရသည့်ပန်းခြံအလုပ် သမား  ကလေးငယ်တစ်ဦးအပါအ၀င် ၈ဦးတို့အား ကယ်တင်နိုင်ခဲ့သည်။

                  ၎င်းတို့ကို ထိုင်းအစိုးရ လူကုန်ကူးတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ DSI -  မြန်မာသံရုံး အလုပ်သမား ကူညီစောင့် ရှောင့်ရေးအသင်း၊ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း FED နှင့်  ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATတို့ ပူးပေါင်းေ ဆာင် ရွက်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်း သင်္ဃန်ကျွန်းမြို့နယ်မှ အသက်၂၀အရွယ် ဇနီးမောင်နှံတို့အား မသူဇာ နှင့် ကိုအောင်ဇော်တို့ က ထိုင်းဘတ်ငွေ ၁၃၀၀၀ နှုန်းဖြင့် သစ်ခွစိုက်ပျိုးခြံတွင်ရောင်းချထားကြောင်း ရောင်းစားခံထားရသူ အမျိုး သား၏ မိခင်ဖြစ်သူ ဒေါ်မီးမီးခိုင်က ဒီဇင်ဘာလ ၁၄ ရက်နေ့က MAT အဖွဲ့သို့သွားရောက် ကူညီတောင်းခဲ့ သည်။

လွတ်မြောက်လာသူ တစ်ဦးဖြစ်သော ကိုမိုးမင်းဦး က “ကျနော်တို့  အလုပ်လုပ်ရတာက အေးဆေး ပါတယ်။ သူတို့နှိပ် စက် တာကို မခံနိုင်ဘူး၊ ဘာမှမလုပ်ဘဲနဲ့ မသူဇာ သားက သူတို့ပြဿနာဖြစ်တာကို ကျနော် မိန်း မကို လာမဲပြီးရိုက်တယ်။ ကျနော့်မိန်းမမှာ လည်ပင်းမှာ ဒဏ်ရာရသွားတယ်။ သူလည်းကြောက်ပြီး ထွက် ပြေးသွားတယ်။ ကျနော်နေမကောင်းလို့ အလုပ်မဆင်းနိုင်တော့ အလုပ်မဆင်းလို့ ဆိုပြီး မသူဇာ ကျနော်ကို တံမျက်စဉ်းနဲ့ ရိုက်တာအခုထိ ခါးမှာ ဒဏ်ရာမပျောက်သေးဘူး၊ ကျနော့် မိန်းမလည်း အခုထိ ဘယ်ရောက် လို့ ဘယ်လိုဖြစ်နေဆိုတာ မသိရပါဘူးဟု” ဝမ်းနည်းစွာဖြင့်ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀နာရီခန့် မှစ၍ လူကုန်ကူးမှုဖြစ်သည့်သစ်ခွပန်းခြံ အားရှာဖွေခဲ့ပြီးနောက် အနီးပတ်ဝန်းကျင် တွင်ရှိသော ဈေးနှင့် ပန်းခြံအတွင်းအပြင်တို့တွင် MAT အဖွဲ့သား များက စောင့်ကြည့်နေ

ခဲ့ကြရသည်။ အခက်အခဲများ များကို စွန့်စွန့် စားစား ကျော်ဖြတ်၍ လုပ်ဆောင်ခဲ့သဖြင့် လူကုန်ကူး ဂိုဏ်းခေါင်းဆောင် အမျိုးသမီးတို့နှင့် တကွ လူကုန်ကူးခံရသူများကိုပါ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။

 “ စိတ်မကောင်းစရာတစ်ခုက ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေက လူကုန် ကူးခံရသူတွေအတွက်အခွင့်အရေးနည်းပြီးတော့လူကုန်ကူးမှုကိုကျူးလွန်တဲ့ပွဲစားတွေအတွက်အပြစ် အောက်

က လွတ်မြောက်စေနိုင်တဲ့ အခွင့်အလမ်းတွေပိုများနေသလိုဖြစ်နေတယ်လို့ ကျနော်တို့ လုပ်ရင်း ကိုင်ရင်း သိလာရတယ်။ ဒါတွေကိုသိရှိကြတဲ့ ထိုင်းလူကုန်ကူးသူတွေနဲ့ မြန်မာလူကုန်ကူးသူတွေအတွက် ရဲရဲတင်း တင်းပြစ်မှုကျူးလွန်ရဲသလိုဖြစ်နေတယ်လို့ ကျနော်ယူဆပါတယ်” ဟုဆက်လက် ပြောကြားသည်။

     ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(Burmese Association In Thailand (BAT) ကို ၂၀၀၈ ခုနှစ် တွင် အဖွဲ့ဝင် ၆ ဦးနှင့် စတင်တည်ထောင်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် (Myanmar Association In Thailand (MAT) ဟုအမည်ပြောင်းလဲခဲ့သည်။ MAT အဖွဲ့သည် ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု ကျူးလွန် သူ ၈ ဦးနှင့် လူကုန်ကူးခံရသူ စုစုပေါင်း ၂၉၀ ဦးတို့အားကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦး ကျော်သောင်း ၏ ပြောပြချက်ရသိရှိသည်။
by- goldenworkers

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...