ဧဒင်အချစ်ပုံပြင်: မလေးရှားတွင်လေးနှစ်ခွဲကြာအလုပ်လုပ်သည့် မြန်မာလူငယ်ပြန်ခါနီးမှ နှိပ်စက်လုယက်ခံရ

Friday 21 December 2012

မလေးရှားတွင်လေးနှစ်ခွဲကြာအလုပ်လုပ်သည့် မြန်မာလူငယ်ပြန်ခါနီးမှ နှိပ်စက်လုယက်ခံရ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်
နယ်၊ ဆူဘန်ရာရမြို့ရှိ လွန်သွား
အစရှိသော စက်အပိုပစ္စည်း ထုတ်
လုပ်သည့် သံမဏိစက်ရုံတစ်ရုံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့်


 နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံသို့ ပြန်မလာမီ ရက်ပိုင်းအလိုတွင် နေထိုင်ရာ စက်ရုံအိမ်ယာဝင်းအတွင်း၌ ရုပ်ရှင်ဆန်ဆန် လုယက်တိုက်ခိုက်ခံရကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ နိုဝင်ဘာလ ၁၄ ရက်ညတွင် လုယက်ခြင်းခံရသူ(မိတ်ဆွေများအခေါ်) ကိုအရှည်ကြီးသည် မြန်မာပြည်သို့ ပြန်ရန် အထုပ်အပိုးများ ပြင်ဆင်နေစဉ် အခန်းဖော် ဗီယက်နမ်နိုင်ငံသားနှစ်ဦး အပြင်သို့ ထွက်သွားသည်။
ည ၁၀ နာရီ ၀န်းကျင်ခန့်တွင် တံခါးခေါက်သံ ကြားရသဖြင့် ၎င်းနှင့်အတူနေသည့် အခန်းဖော်နှစ်ဦး ညဈေးတန်းမှ ပြန်လာသည်အထင်နှင့် တံခါးဖွင့်ပေးစဉ် လူစိမ်းတစ်ဦး (ဗီယက်နမ် နိုင်ငံသား) ဖြစ်နေကြောင်း၊

ထိုလူစိမ်းမှ ၎င်းနှင့်အတူနေသူနှစ်ဦးအား မေးမြန်းရာ ၎င်းမှမရှိကြောင်း ပြောကြားနေစဉ် ထိုလူ စိမ်းမှ ပိုးသတ်ဆေးရည်ဖြင့် မျက်နှာကိုဖျန်း၍ စတင်တိုက်ခိုက်သဖြင့် ပြန်လည်ခုခံစဉ် သံတုတ်နှင့် ဓားမြောင်ကိုင်ထားသူနှစ်ဦး ထပ်မံရောက်ရှိလာပြီး တိုက်ခိုက်သဖြင့် ဒဏ်ရာများကြောင့် သတိလစ်မေ့မျောသွား စဉ် လုယက်သူများမှ ပိုက်ဆံနှင့် အဖိုးတန် ပစ္စည်းများကို ယူငင်ရာ ပိုက်ဆံရှာမတွေ့သဖြင့် ၎င်းအား သတိရအောင် ပြန်လုပ်ပြီး မေးမြန်းယူငင်ပြီးနောက်

၎င်း၏ ခြေလက်များအား ကြိုးဖြင့်တုတ်၍ ပါးစပ်ကိုအ၀တ် ဖြင့်ဆို့ကာ ထားခဲ့သဖြင့် မိမိဘာသာကြိုးစား၍ အချုပ်အနှောင်များအား ဖယ်ရှားပြီးနောက် စက်ရုံဝင်းအတွင်း လှည့်လည်၍ အကူအညီတောင်းခံရာ အချိန်ပိုဆင်းနေရသဖြင့် အခြားအလုပ်သမားတစ်ယောက်မျှ မတွေ့ဘဲရှိနေစဉ်

စက်ရုံစောင့်ဦးလေးကြီးနှင့်တွေ့၍ ၎င်းနှင့်အတူနေသူနှစ်ဦး ပြန်ရောက်နေပြီဖြစ်ကြောင်း ပြောသဖြင့် အိမ်ခန်းပြန်၍ ၎င်းတို့ထံမှ ဖုန်းနှင့်အလုပ်ရှင်သူဋ္ဌေးကို မိမိကိုယ်တိုင် ဖုန်းဆက်၍ ဆေးရုံသို့ ပို့ပေးရန် အကူအညီတောင်းခံခဲ့ရာ သူဋ္ဌေးမှ ဒဏ်ရာသွေးထွက်လွန်နေသဖြင့် နီးစပ်ရာအထူးကု ဆေးခန်းတစ်ခုသို့ ပို့ဆောင်ပေးရာ မျက်နှာနှင့် ဦးခေါင်းတွင် ဒဏ်ရာများသဖြင့် လက်မခံသောကြောင့် ဆေးရုံသို့ သွားရောက်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ယခုအခါ ကိုအရှည်ကြီးသည် ဒဏ်ရာများ သက်သာပျောက်ကင်းကာ  အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံရပ်ခြားတွင် ထပ်မံအလုပ်လုပ်ရန် ဆန္ဒမရှိတော့ကြောင်း သိရသည်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...