သက်ရှိအရုပ်ကလေးတို့က အမေရိကန်နိုင်ငံသို့သွားရောက်ကာ
 ဓါတ် ပုံများ ရိုက်ကူးမည်ဖြစ်ပြီး
 ရရှိလာမည့်ငွေများအား မုန်တိုင်းဒဏ် ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို 
လှူဒါန်းသွားမည်ဟု သိရ သည်။သက်ရှိဘာဘီရုပ်ကလေးဟု တင်စားခံ ရသည့် ဗေးလ် 
ရီးယားသည် သူမနှင့် 
အသွင် သဏ္ဍန်တူသော အိုလ်ဂါ အိုလီနစ်ကို အင်တာနက်မှ တစ်ဆင့် 
ရှာဖွေတွေ့ရှိခဲ့သည်။ ဗေးလ်ရီးယားသည် 
အင်တာနက်တွင် သက်ရှိအရုပ်ကလေးဟူ၍ 
နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူမသည် လွန်ခဲ့သော ၅ နှစ်က အသက် ၂၄ နှစ်ရှိ
 ဒိုမနစ်ကာ (အမည်ရင်း အိုလ်ဂါ အိုလီနစ်) နှင့် ဆုံခဲ့ရသည်။ 
  သူမတို့နှစ်ဦးစလုံးသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့တော်သူများဖြစ်ကြပြီး
 ရုပ်ပိုင်းဆိုင်ရာသာမက စိတ်သဘောထားနှင့် နေထိုင်မှုပုံစံများပါ 
တူညီမှုရှိကြသူများလည်း ဖြစ်သည်။ ယခုအခါတွင် အဆိုပါ သက်ရှိ အရုပ်ကလေးတို့က 
အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဓါတ်ပုံများရိုက်ကူးမည်ဖြစ်ပြီး ရရှိ လာမည့်ငွေ များအား မုန်တိုင်းဒဏ်ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လှူဒါန်းသွားမည်ဟု သိရသည်။  
 ပန်းပုထုထားသကဲ့သို့ ကြွေရုပ်ကလေးပမာ လှပလွန်းသော ဗေးရီးယား၏ပုံကို 
အင်တာနက်တွင် စတင်ထွက်ပေါ်လာစဉ်က ယင်းမှာ ဓါတ်ပုံပြုပြင်သည့် 
ဆော့ဝဲလ်များဖြင့် ဖန်တီး ထားခြင်း ဟု ပြောဆို ခဲ့ကြသေးသည်။ သို့သော်လည်း 
ယခုအခါ ထိုသက်ရှိအရုပ်လေးက သူမ၏ တွဲဘက် အရုပ်ကလေးကို ရှာဖွေတွေ့ရှိခဲ့ပြီး 
မုန်တိုင်းဒဏ်သင့် အမေရိကန်ပြည်သူများကို ကူညီတော့မည်ဖြစ်သည်။ 
 Source: DailyMail
 
by- .myanmartharkaung
 
 
No comments:
Post a Comment