မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်
မြို့နယ်စည်ပင်သာယာဈေးကြီး အတွင်း ဒီဇင်ဘာ (၄)ရက်နေ့ နံနက်(၉း၀၀)အချိန်က
မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ်
တပ်ဖွဲ့ဝင်များ အရံမီးသတ် တပ်ဖွဲ့ဝင်များ
မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ပူးပေါင်း၍ မီးဘေး ကြိုတင်ကာကွယ်ရေး
ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအခမ်းအနားကို မြို့သစ်မြို့နယ်
စည်ပင်သာယာဈေးကြီးအတွင်း လေ့ကျင့်ကြောင်း သိရသည်။ အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်စည်ပင်သာယာရေးမှ ရေသယ်ယာဉ်နှင့် မီးသတ်ယာဉ်တို့မှ မီးသတ် တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်မှု စွမ်းရည်ကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့သည်။ ၄င်းမီးသတ်စွမ်းရည် သရုပ်ပြရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သူ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးနေ၀င်း၊ တို့မှ ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရသည်။ ၄င်းအခမ်းအနားသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိပုဂ်္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
by- .hotnewsweekly
ဟင်္သာ(တောင်တွင်းကြီး)
No comments:
Post a Comment