ဧဒင်အချစ်ပုံပြင်: ခေါင်းလျှော်ရည်ထုပ်များနှင့်အတူမူးယစ်ဆေးဝါးများသယ်ဆောင်လာသူဖမ်းဆီးရမိ

Thursday 6 December 2012

ခေါင်းလျှော်ရည်ထုပ်များနှင့်အတူမူးယစ်ဆေးဝါးများသယ်ဆောင်လာသူဖမ်းဆီးရမိ

-၁၂-ဝ၁၂ ရက်နေ့ ၁၇ဝဝ အချိန် ရှမ်းပြည်နယ် မူဆယ်(မူးယစ်)၊ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ
သည် ပူးပေါင်းအဖွဲ့များနှင့်အတူ သတင်းအရ ကွတ်ခိုင်မြို့ ခိုတင်ရွာသွားလမ်းမပေါ်တွင် ရပ်ထားသော Tiger
ခဲရောင်လိုင်စင်မဲ့ယာဉ်အမှတ် ၇ခ/×××× အား စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း တွင် ယာဉ်မောင်း လိကျင်
ဖ(ခ)ကျော်မိုးလွင် (၂၄)နှစ်နှင့် လိကျင်လုံ(ခ) ကျော်ထွေး (၂၆)နှစ်တို့ (၂)ဦးကြား၌ဂျပ်ဖာပုံးခွံအတွင်း ခေါင်း
လျှော်ရည်ထုပ်များနှင့် ရောနှောထားသည့် WY စာတမ်းပါ အနီရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉ဝဝဝ)ပြား၊ အလေးချိန်(၁.၈)ကီလို၊ ၈၈ နှင့် ၁ စာတမ်းတစ်ဖက်စီပါ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃၈ဝဝ)ပြား၊ အလေးချိန် (၃၇ဝ)ဂရမ်၊ ပေါင်းဆေးပြား (၂၂၈ဝဝ)ပြား၊ အလေးချိန် (၂.၁၇)ကီလို (ဒေသပေါက်ဈေး ၁ ပြားလျှင် ၂,ဝဝဝ ကျပ်နှုန်းဖြင့် ကျပ် ၄၅၆ သိန်း)အား ရှာဖွေ
တွေ့ရှိခဲ့သည်။ 
 
စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူ လိကျင်ဖ(ခ) ကျော်မိုးလွင်နှင့် လိကျင်လုံ(ခ) ကျော်ထွေး
တို့(၂)ဦးအား ၂၂၄၅ အချိန် ကွတ်ခိုင်ရဲစခန်း မယ(ပ)၆၁/၁၂ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် ဖမ်းဆီးစစ်
ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...