ဧဒင်အချစ်ပုံပြင်: ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန်အား ပုဂံတွင် ဘုရား ရွှေသင်္ကန်း ကပ်လှူရန် ပြည်ခိုင်ဖြိုး ဦးသိန်းဇော် သိန်း ၅၀ ထည့်ပေး

Saturday 5 January 2013

ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန်အား ပုဂံတွင် ဘုရား ရွှေသင်္ကန်း ကပ်လှူရန် ပြည်ခိုင်ဖြိုး ဦးသိန်းဇော် သိန်း ၅၀ ထည့်ပေး







Myanmartandawsint
...............
ပုဂံနရပတိစည်သူမင်းကြီး ကုသိုလ်တော် ဓမ္မရာဇကစေတီတော် ရွှေသင်္ကန်း ကပ်လှူရန်အတွက် ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့် ရန်ကုန်မြို့မှ ပုဂံမြို့သို့ လာရောက်စဉ်တွင် ဦးသိန်းဇော် (ပြည်ခိုင်ဖြိုးပါတီ ဗဟို တွဲဖက်အထွေထွေ အတွင်းရေးမှူး)က အလှူငွေ ကျပ်သိန်း ၅၀ ထည့်ပေးလိုက်ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဓမ္မရာဇကဘုရား၌ ဦးခင်ညွန့်က ပြောကြားခဲ့သည်။

ဓမ္မရာဇကဘုရား ရွှေသင်္ကန်းကပ်လှူရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၉ရက်၊ မွန်းလွဲ ၂ နာရီတွင် ဓမ္မရာဇက ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပသာသနာပြု အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ဘုရားကြီးကြွရောက်၍ သြ၀ါဒပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း) မိသားစုနှင့် အလှူရှင်များက အလှူငွေများပေးအပ်ခဲ့ကြသည်။

ဓမ္မရာဇကဘုရားကြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် ဇန်န၀ါရီလအတွင်း ငြမ်းဆင်မည်ဖြစ်ပြီး စေတီရံ ၅၀ နှင့် အရံစေတီကြီး ၅ ဆူတို့ကိုလည်း ရွှေသင်္ကန်း(စတီးရွှေ)များ ကပ်လှူမည်ဖြစ်ကာ ကုသိုလ်ရှင်များအနေဖြင့် အလိုတော်ပြည့်ဆရာတော်ဘုရားကြီးနှင့် ဘုရားဂေါပကအဖွဲ့တို့ထံ ဆက်သွယ်၍လှူဒါန်းနိုင်ပြီး စေတီရံတစ်ဆူ ကျပ်သုံးသိန်းနှင့် အရံစေတီကြီးတစ်ဆူ ကျပ်သိန်း ၅၀ ခန့်ကုန်ကျ မည်ဖြစ်ကြောင်း သိရှိရသည်။
 From : သံတော်ဆင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...