ဧဒင်အချစ်ပုံပြင်: အတူတူမွေးလျှင်တောင် ကိုရီးယားက အသက် ၁ နှစ်ပိုကြီး

Wednesday 23 January 2013

အတူတူမွေးလျှင်တောင် ကိုရီးယားက အသက် ၁ နှစ်ပိုကြီး


Photo: အတူတူမွေးလျှင်တောင် ကိုရီးယားက အသက် ၁ နှစ်ပိုကြီး

ခုနေ ရွယ်တူကိုရီးယားသူကို သွားမိတ်ဆက်ရင်တောင် သူက ကိုယ့်ထက် တစ်နှစ်ကြီးတယ်လို့ဖြေရင်ဖြေမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယား လူမျိုးများဟာ သူ့တို့ရဲ့  အသက်ကို ဝမ်းမှာ သန္ဓေတည်ကတည်းက ထည့်တွက် ထားလို့ ဖြစ်ပါတယ်။ 

အမှန်တော့ ယင်းယဉ်ကျေးမှုဟာ တရုတ်ပြည်က စတင်ခြင်း ဖြစ်ပြီး ဗီယက်နန်၊ ဂျပန်တို့အထိတောင် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ ယခုတော့ ဂျပန်မှာ ယင်းကဲ့သို့ ထည့်သွင်း တွက်ချက်မှုကို ဥပဒေနဲ့ တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာကတော့ နိုင်ငံတကာ အသက် စံညွန်းနဲ့ သူတို့ စံညွှန်းကို တွဲသုံးဆဲ ဖြစ်ပါ တယ်။ မြောက်ကိုရီးယား လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ 

တရုတ်တို့က ယင်းကဲ့သို့ သတ်မှတ်မှုကို ဗေဒင်တွက်ချက်ဖို့ လိုအပ်တဲ့ အတွက် မှတ်သားမှုက အဓိက ဖြစ်ပြီး တဖြည်းဖြည်းတွင်ကျယ်လာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နဲ့ ပက်သက်လို့ အနည်းငယ်လည်း ရှုပ်ထွေးနေပါသေးတယ်။ အမျိုးသမီးနဲ့ အမျိုးသား တောင် အသက်တွက်ပုံချင်းကွာနေပြန်ပါသေးတယ်။ သေချာ တာကတော့ သူတို့ တကယ်မွေးတဲ့ ရက်ထက် တစ်နှစ်ဝန်းကျင်လောက် ကတော့ ပိုကြီးနေမှာ ဖြစ်ပါတယ်။ အမှန်တကယ် မွေးတဲ့ ရက်အပြင် သန္ဓေ စတည်တဲ့အချိန် သို့မဟုတ် မင်္ဂလာဦးည အစရှိသဖြင့်တောင် အမျိုးမျိုး တွက်ချက်ပါတယ်။ 

လက်ရှိအချိန်အထိ ကိုရီးယားတို့မှာ ယင်း အသက်တွက်နည်း စနစ်အား အသုံးပြုလျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki
ရိုးရာလေးခုနေ ရွယ်တူကိုရီးယားသူကို သွားမိတ်ဆက်ရင်တောင် သူက ကိုယ့်ထက် တစ်နှစ်ကြီးတယ်လို့ဖြေရင်ဖြေမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယား လူမျိုးများဟာ သူ့တို့ရဲ့  အသက်ကို ဝမ်းမှာ သန္ဓေတည်ကတည်းက ထည့်တွက် ထားလို့ ဖြစ်ပါတယ်။

အမှန်တော့ ယင်းယဉ်ကျေးမှုဟာ တရုတ်ပြည်က စတင်ခြင်း ဖြစ်ပြီး ဗီယက်နန်၊ ဂျပန်တို့အထိတောင် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ ယခုတော့ ဂျပန်မှာ ယင်းကဲ့သို့ ထည့်သွင်း တွက်ချက်မှုကို ဥပဒေနဲ့ တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာကတော့ နိုင်ငံတကာ အသက် စံညွန်းနဲ့ သူတို့ စံညွှန်းကို တွဲသုံးဆဲ ဖြစ်ပါ တယ်။ မြောက်ကိုရီးယား လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။

တရုတ်တို့က ယင်းကဲ့သို့ သတ်မှတ်မှုကို ဗေဒင်တွက်ချက်ဖို့ လိုအပ်တဲ့ အတွက် မှတ်သားမှုက အဓိက ဖြစ်ပြီး တဖြည်းဖြည်းတွင်ကျယ်လာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နဲ့ ပက်သက်လို့ အနည်းငယ်လည်း ရှုပ်ထွေးနေပါသေးတယ်။ အမျိုးသမီးနဲ့ အမျိုးသား တောင် အသက်တွက်ပုံချင်းကွာနေပြန်ပါသေးတယ်။ သေချာ တာကတော့ သူတို့ တကယ်မွေးတဲ့ ရက်ထက် တစ်နှစ်ဝန်းကျင်လောက် ကတော့ ပိုကြီးနေမှာ ဖြစ်ပါတယ်။ အမှန်တကယ် မွေးတဲ့ ရက်အပြင် သန္ဓေ စတည်တဲ့အချိန် သို့မဟုတ် မင်္ဂလာဦးည အစရှိသဖြင့်တောင် အမျိုးမျိုး တွက်ချက်ပါတယ်။

လက်ရှိအချိန်အထိ ကိုရီးယားတို့မှာ ယင်း အသက်တွက်နည်း စနစ်အား အသုံးပြုလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...