ဧဒင်အချစ်ပုံပြင်: “မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ ကုမ္ပဏီတွေဆီမှာ အလိမ်မခံရဖို့ အထူးသတိပြုကြပါရန်”

Wednesday 23 January 2013

“မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ ကုမ္ပဏီတွေဆီမှာ အလိမ်မခံရဖို့ အထူးသတိပြုကြပါရန်”

    
(၁) မိမိ စရံငွေ မပေးမီ မိမိအပ်နှံမည့် ပတ်စပို့ ပွဲစား၏ ပတ်စပို့မိတ္တူကိုရအောင်တောင်းပါ။   မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံနှင့် ထိုင်းတွင် လက်ရှိနေသည့် နေရပ်လိပ်စာတို့ကို တိတိကျကျ ရရှိအောင်တောင်းဆိုထားပါ။ ပွဲစားကိုဓါတ်ပုံရိုက်ထားပါ။လိမ်ညာမည့်သူများ ဤ အချက်များကို လိုက်လျှောမည်မဟုတ်ပါ။ ထိုအခါ သင်စဉ်းစား ဆုံးဖြတ်ပါ။
(၂) မိမိထံတွင်လာရောက် ကောက်ခံသည့် ပွဲစားမှာ ပတ်စပို့ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဟုတ်မဟုတ်၊ ပင်ရင်းကုမ္ပဏီ  သို့မေးမြန်းပါ။ ပွဲစား တစုံတစ်ခုအကြောင်းပေါ်ပေါက်ပါက ကုမ္ပဏီက ဖြေရှင်းပေးရန် တာဝန်ခံမှု ရှိ/မရှိ မေးပါ။
(၃) မိမိထံတွင် လာရောက် ပြောဆိုသည့် ပွဲစားသည် ထိုကုမ္ပဏီ၌ အမှန်ရှိ/မရှိ သွားရောက်စုံစမ်း ထားသင့်ပါသည်။ ရုံးခန်းမရှိ၊ ကုမ္ပဏီအာမခံမရှိသည့် ပွဲစားများအား လုံးဝ မယုံကြပါနှင့်။ မအပ်နှံပါနှင့်။
(၄) ပတ်စပို့လုပ်ကိုင်သည့်အခါ (ပတ်စပို့စာအုပ်+ work permit + ၁၉၀၀ ဘတ်တန်ဘိုးရှိ ကျမ္မာရေးအာမခံသွေးစစ်လက်မှတ် နှင့်အလုပ်ရှင်ပြောင်းရွှေ့ခွင့်ပါ/မပါ သေသေချာချာ ပြောဆို လက်မှတ်ထိုးပြီးမှ ငွေပေးချေခြင်းကိစ္စကို လုပ်ဆောင်ကြပါ။ 
ယခုနှစ်ပတ်စပို့လုပ်ငန်းစဉ်သည်ယခင်နှစ်လုပ်ငန်းစဉ်ထက်တန်ဘိုးမြင့်နေသဖြင့်  မြန်မာအလုပ်
သမားများ အလိမ်မခံရစေရန် အထူးသတိထား  လုပ်ကိုင်ကြပါရန်   အသိပေးအပ်ပါသည်။
                                                                                            
 
 
 ရွှေလုပ်သားဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...