ဧဒင်အချစ်ပုံပြင်: အကြွေးတောင်းရာက လူသတ်မှုဖြစ်

Friday 11 January 2013

အကြွေးတောင်းရာက လူသတ်မှုဖြစ်


၉-၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက်နေ ကျော်သူရ (၂၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ညီဖြစ်သူ ကိုကိုအောင်(ခ)ခန့်(၁၉)နှစ်မှာ ဓါးထိုးခံရကြောင်း ကိုကိုအောင် ၏ သူငယ်ချင်းဖြစ်သူ ဖြိုးစည်သူအောင်(ခ)ကလိမှ ပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှုရာ ကိုကိုအောင်မှာ လေးဒေါင့်ကန်ရပ်ကွက်၊ ရိပ်သာလမ်းရှိ နေအိမ် ရှေ့ဈေးဆိုင်ခန်းတွင် လည်ပင်းယာဘက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊

ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲ/ယာလက်မောင်းထိုးသွင်းဒဏ်ရာ(၁)ချက်စီတို့ဖြင့် သွေးထွက်လဲကျနေသည်ကို တွေ့ရှိရသည်။ ဖြိုးစည်သူအောင်အား မေးမြန်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက်နေ ဇေယျာတင်ထူး(ခ) ခေါင်းဝါ(၁၈)နှစ်ထံ အကြွေးငွေကျပ်(၁၃၀၀၀ိ/-)တောင်းခဲ့ကြောင်း၊ အကြွေးမပေးသဖြင့် လက်သီးဖြင့်ထိုးခဲ့ သောကြောင့် ဇေယျာတင်ထူးမှ ဓါးဖြင့်ထိုးခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်၍ ကိုကိုအောင် အား သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသဖြင့် အရေးယူပေးပါရန်တိုင်ကြားခဲ့ရာ သင်္ဃန်းကျွန်း ရဲစခန်း(ပ)၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...