ကင်ညာ နိုင်ငံမှ တင်သွင်းလာသော အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းခန့်
တန်ဖိုးရှိသော ဆင်စွယ် တစ်တန်ကျော်ကို ဟောင်ကောင် အာဏာပိုင်များက သိမ်းဆည်း
ရမိခဲ့ကြောင်း၊ ယင်း သိမ်းဆည်း ရမိမှုသည် သုံးလ အတွင်း တတိယ အကြိမ်မြောက်
အကြီးမားဆုံး သိမ်းဆည်း ရမိမှု ဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၎
ရက်တွင် ပြောကြားခဲ့သည်။ကုန်တင်သင်္ဘော အတွင်း ကျောက်ပြား များနှင့်အတူ သစ်သား သေတ္တာ ၅ ခုအတွင်း လျှို့ဝှက်
သယ်ဆောင် လာသော တန်ချိန် ၁ ဒသမ ၃ တန်ရှိသော အဆိုပါ ဆင်စွယ် အပိုင်းအစ ၇၇၉ ခုကို ဇန်နဝါရီ ၃ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန် ဌာနက ပြောကြားခဲ့သည်။
အဆိုပါ ဆင်စွယ်များသည် ခန့်မှန်းခြေအားဖြင့် ဟောင်ကောင် ဒေါ်လာ ၁ဝ ဒသမ ၆ သန်း ရှိကြောင်း သိရသည်။ မလေးရှား နိုင်ငံကို ဖြတ်ကျော်၍ အဆိုပါ ဆင်စွယ်များအား သယ်ဆောင် လာသော်လည်း မည်သည့် နေရာသို့ ဦးတည် သွားမည် ဆိုခြင်းနှင့် စပ်လျဉ်း၍ ပြောဆိုရန် အကောက်ခွန် ဌာနက ငြင်းဆိုလျက် ရှိပြီး ယခုချိန်ထိ ဖမ်းဆီးမှု ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
by-
No comments:
Post a Comment