ဧဒင်အချစ်ပုံပြင်: တောဆင်ရိုင်းနင်း၍ လူတစ်ဦးသေဆုံး

Thursday 24 January 2013

တောဆင်ရိုင်းနင်း၍ လူတစ်ဦးသေဆုံး

၂၃-၁-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းမကြီးအနောက်ဘက် ၂ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်ခြေ၌ လူတစ်ဦး တောဆင်ရိုင်းနင်း၍ သေဆုံးနေကြောင်း သတင်းအရ မြို့ချောင်းရဲစခန်း တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ကျောက်တံခါး မြို့နယ်၊ ဒညင်းကုန်းကျေးရွာနေ ကျော်ဆန်း(၄၂)နှစ်အား ပဲခူးရိုးမတောင်ခြေရင်း ၀ါးရုံပင်အောက် မြေကြီးအတွင်း
ဦးခေါင်းပိပြားကျွံဝင်၊ နဖူးထိပ်ပွင့်၊ ဦးနှောက်ထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြို့ချောင်း အမြန်လမ်းရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...