ဧဒင်အချစ်ပုံပြင်: မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန်ရပ်ဆိုင်းတော့မည်

Friday 1 February 2013

မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန်ရပ်ဆိုင်းတော့မည်


Photo: မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန်ရပ်ဆိုင်းတော့မည်

ရန်ကုန်၊ ဇန်န၀ါရီ ၂၅

မြန်မာဒုက္ခသည်များအား အခြေချ ခိုလှုံခွင့်ပေးလျက်ရှိသော အမေရိကန်နိုင်ငံအနေဖြင့် လာမည့် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ အသစ်ထပ်မံခေါ်ယူရေးကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ အမေရိကန်အကြီးအကဲ မစ္စတာဒေးဗစ်ရောဘင်ဆန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိမယ်လဒုက္ခသည် စခန်းသို့ ရောက်ရှိလာစဉ် မစ္စတာဒေးဗစ်ရောဘင်ဆန်က ပြောကြားလိုက်ခြင်းဖြစ်ပြီး ၂၁၁၃ ခုနှစ် ဇွန်လ ၅ ရက်အထိ အမေရိကန်နိုင်ငံသို့ သွားရောက်လိုသည့် ဒုက္ခသည်များ စာရင်းကို ပေးရမည်ဖြစ်ပြီး နောက်ပိုင်းတွင် လက်မခံတော့ဘဲ စာရင်းပိတ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုကဲ့သို့ ဒုက္ခသည်များ လာရောက် အခြေချခိုလှုံခွင့် ရုပ်သိမ်းခြင်းမှာ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းများမှနေ၍ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများသို့လည်းသွား ရောက်ခိုလှုံအခြေချမှုများသည်။

သွားရောက်ခိုလှုံအခြေချလိုသည့် ဒုက္ခသည်များသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ အသိ အမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူများ ဖြစ်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် (UNHCR) အသိအမှတ်ပြုဒုက္ခသည် စခန်း ၇ နှစ်ခုရှိပြီး နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ ကိုးသောင်းနီးပါးရှိသည်။

Credit to : Myanmartandawsint Newspaperမြန်မာဒုက္ခသည်များအား အခြေချ ခိုလှုံခွင့်ပေးလျက်ရှိသော အမေရိကန်နိုင်ငံအနေဖြင့် လာမည့် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ အသစ်ထပ်မံခေါ်ယူရေးကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ အမေရိကန်အကြီးအကဲ မစ္စတာဒေးဗစ်ရောဘင်ဆန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိမယ်လဒုက္ခသည် စခန်းသို့ ရောက်ရှိလာစဉ် မစ္စတာဒေးဗစ်ရောဘင်ဆန်က ပြောကြားလိုက်ခြင်းဖြစ်ပြီး ၂၁၁၃ ခုနှစ် ဇွန်လ ၅ ရက်အထိ အမေရိကန်နိုင်ငံသို့ သွားရောက်လိုသည့် ဒုက္ခသည်များ စာရင်းကို ပေးရမည်ဖြစ်ပြီး နောက်ပိုင်းတွင် လက်မခံတော့ဘဲ စာရင်းပိတ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုကဲ့သို့ ဒုက္ခသည်များ လာရောက် အခြေချခိုလှုံခွင့် ရုပ်သိမ်းခြင်းမှာ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည်စခန်းများမှနေ၍ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများသို့လည်းသွား ရောက်ခိုလှုံအခြေချမှုများသည်။

သွားရောက်ခိုလှုံအခြေချလိုသည့် ဒုက္ခသည်များသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ အသိ အမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူများ ဖြစ်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် (UNHCR) အသိအမှတ်ပြုဒုက္ခသည် စခန်း ၇ နှစ်ခုရှိပြီး နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ ကိုးသောင်းနီးပါးရှိသည်။

Credit to : Myanmartandawsint Newspaper

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...