ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက်အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲအား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်မလေးသို့ သွားရောက်မည့်
လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကို
လည်း တရားဝင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ပ အလုပ်
အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
ထိုအခမ်းအနား ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ တဖက်နိုင်ငံသို့
သွားရောက် အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် စိတ်ချလက်ချ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
"ပထမကတော့ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရေး
ခေါင်းစဉ်နဲ့ လုပ်မလို့။ ဒါပေမယ့်အလုပ်သမားဝန်ကြီးက ပြည်ပ
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေလည်းရှိတော့ ခေါင်းစဉ်ကို
ပြည်တွင်းပြည်ပဆိုပြီး ပေးလိုက်ပါဆိုတာနဲ့ လုပ်လိုက်တာပါ "ဟု ၎င်းက ပြောကြားသည်။
ယင်းအခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ကြီးအချို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရတနာ လုပ်ငန်းတစ်ခု မှ
အလုပ်သမား တစ်ဦး
TMA
The Myanma Age
No comments:
Post a Comment