ဧဒင်အချစ်ပုံပြင်: မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်

Wednesday 27 February 2013

မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်

Photo: မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်
Wednesday, February 27, 2013

မြန်မာပြည်သိန်းတန် က သူ၏ နောက်တစ်ကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၁၆ ရက်နေ့တွင် ထပ်မံ ပြုလုပ်ဦးမည် ဟုပြောသည်။ “MCC မှာ လုပ်မှာပါ။Outdoor ပေါ့။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ ရွှေဂန္ထဝင်တေး များဆိုတဲ့ ခေါင်းစဉ် ပုံစံမျိုးလုပ် ဖြစ်မယ်။ ကျွန်တော့်မှာ သီချင်း ပုဒ်ရေ ထောင်ကျော်လောက် ရှိပြီး မဆိုရ သေးတဲ့ သီချင်းတွေလည်း ရှိတော့ သီချင်းအသစ်တွေ ဆိုမယ်။ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမှာ ပါ။ အရင် ပွဲတွေလို တခြား အဆိုရှင်တွေ မပါပါဘူး။ စုံတွဲ ဆို ဖို့ မိန်းကလေး ၃၊ ၄ လေးယောက်တော့ ပါမယ်။ အဓိက ကတော့ one man show ပေါ့။ ဂီတမှူး ဇော်မျိုးထွဋ် နဲ့ အတူ သီရိမောင်မောင် ဆိုင်းဝိုင်း အဖွဲ့ က ပူး ပေါင်း ဖျော်ဖြေမှာပါ” ဟု မြန်မာပြည်သိန်းတန် က ပြောသည်။

ယခုကဲ့သို့ ထပ်မံ ပြုလုပ်ဖြစ် ခြင်းမှာလည်း ပရိသတ်၏ တောင်းဆို မှု နှင့် အတူ သူ၏ များပြားလှသော သီချင်းများထဲမှ စင်ပေါ်တွင် မဆိုရသေးသော သီချင်းများကို လည်း ပရိသတ် များထံ ဖျော်ဖြေ တင်ဆက်လိုခြင်း ကြောင့်
ဟုလည်း သိရသည်။

မြန်မာပြည်သိန်းတန် အနေ ဖြင့် ယခု အချိန်တွင် အမေရိကားနှင့်
မြန်မာပြည်တွင် တစ်လှည့်စီ နေထိုင်လျက် ရှိပြီး နောက်ပိုင်း တွင်တော့
မြန်မာပြည် မှာပင်အခြေချ ရန် အစီအစဉ် ရှိကြောင်းသိရသည်။

ရဲရဲ
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...