ဧဒင်အချစ်ပုံပြင်: "လက်ရွေးစင် တိုက်ကွမ်ဒို အားကစား သမားဖြစ်ခဲ့သူ ပိုင်ဇေရဲထွန်း"

Friday 8 February 2013

"လက်ရွေးစင် တိုက်ကွမ်ဒို အားကစား သမားဖြစ်ခဲ့သူ ပိုင်ဇေရဲထွန်း"

Photo: "လက်ရွေးစင် တိုက်ကွမ်ဒို အားကစား သမားဖြစ်ခဲ့သူ ပိုင်ဇေရဲထွန်း"

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဘောလုံး အသင်းမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက် နေသလို ငယ်စဉ်ကတည်းက တိုက်ကွမ်ဒို လက်ရွေးစင် ကစား သမား ဖြစ်ခဲ့တဲ့ ပိုင်ဇေရဲထွန်းက သူ့ရဲ့အမှတ်ရစရာ အားကစားသမားဘဝ အကြောင်း ကို 
“၁၉၈၇ ခုနှစ် ကတည်းက တိုက်ကွမ်ဒို အားကစားသမား ဖြစ်ခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ လက်ရွေးစင် စဖြစ်တယ်။ ၉၂ကနေ ၉၇ အထိပေါ့။ ကစားသမား ဘဝကနေ အနားယူခဲ့ ပေမယ့် အခုအချိန်ထိ တာဝန်ယူတုန်း ပါပဲ။ တစ်ဖက် တစ်လမ်းကနေ တိုက်ကွမ်ဒို အားကစား သမားတွေအောင် မြင်မှုရအောင် ကူညီဖြစ်တယ်။ ဘောလုံး ကတော့ ရုပ်ရှင်အစည်း အရုံးမှာ ၁၉၉၂-၉၃ မှာ အစ်ကိုတွေ ဖြစ်တဲ့ ကိုရာဇာနေဝင်း တို့ နာမည်ကြီး ကတည်းက ကန်ဖြစ်တာပါ။ အဲဒီ အချိန်ကနေစပြီး အခုအချိန်ထိ ရုပ်ရှင် အစည်း အရုံး ဘောလုံးအသင်း မှာ မပျက်မကွက် ကန်နေတုန်းပါ” လို့ ပြောပြ ပါတယ်။

အနုပညာသမား တစ်ယောက် ဖြစ်နေတော့ ကိုယ့်ရဲ့ အနုပညာ အလုပ်တွေနဲ့ မအားမလပ်တဲ့ ကြားက အားကစားကို ဘယ်လို အချိန်ပေး ဖြစ်လဲ ဆိုတာ မေး ကြည့်တော့ 
“တစ်ပတ်တစ်ခါလောက်တော့ ဘောလုံး ကန်တာကို အချိန်ပေးဖြစ်တယ်။ ရုပ်ရှင် အစည်းအရုံးအသင်းမှာ ကန်မယ် ဆိုလည်း အားတဲ့အချိန် နဲ့ညှိပြီး ကန် ဖြစ်ပါတယ်။ တိုက်ကွမ်ဒိုကတော့ အဓိက ဝါသနာပါတာဆိုတော့ မနက် ပိုင်းတွေမှာ ထရိန်နင် လုပ်တာတို့ အဖွဲ့ချုပ်မှာ အစည်းအဝေး တက်တာ တို့ ရှိပါတယ်” လို့ ပိုင်ဇေရဲထွန်း က ပြောပြပါတယ်။ 

ဆီးဂိမ်း ပြိုင်ပွဲလည်း နီးလာသလို အနုပညာရှင်တွေ အနေ နဲ့လည်း အားကစား နည်းတွေမှာ ပါဝင်လှုံ့ဆော်ပြီး ပရိသတ် စိတ်ဝင် စားမှု များလာအောင် သရုပ်ဆောင် ပေးကြတာကို တွေ့ရတဲ့ အတွက် ပိုင်ဇေရဲထွန်း ကို အနုပညာရှင်တွေ အနေနဲ့ လှုံ့ဆော်နိုင် စွမ်းအား ကို မေးကြည့် တော့ 
“အနုပညာရှင်တွေ အနေနဲ့ ဥပမာ- ဘယ်မင်းသားက ဘောလုံးကို စိတ်ဝင်စားတယ်၊ ဘယ်သူက တင်းနစ်ကို စိတ်ဝင်စားတယ် ဆိုရင် ပရိသတ်ကလည်း ပိုပြီး စိတ်ဝင်စား လာတယ်။ အဲဒီလို ဆိုတော့ လှုံ့ဆော်မှု အပိုင်းတွေမှာ အနုပညာရှင်တွေက ပိုပြီး ထိရောက်ပါတယ်” လို့ ပြောပြပါတယ်။

ပိုင်ဇေရဲထွန်း အနေနဲ့ လက်ရှိတိုက်ကွမ် ဒိုအဖွဲ့ချုပ်မှာ ဘဏ္ဍာရေး ၊ပြန်ကြားရေး၊ စည်း ရုံးလှုံ့ဆော်ရေး တာဝန်တွေနဲ့ ရုပ်ရှင် အစည်း အရုံး ဘောလုံး အသင်းမှာ လည်း အသင်း ခေါင်းဆောင် တာဝန်ယူ ဆောင် ရွက်နေပါတယ်။ ပိုင်ဇေရဲထွန်းက တိုက်ကွမ်ဒို အားကစားသမားတွေ အနေနဲ့ အတိုက်ပြိုင်ပွဲ နဲ့ကကွက် ပြိုင်ပွဲတွေ က ရွှေ၆ခု အနည်း ဆုံးရအောင် ကြိုးစား သွားမှာဖြစ်ကြောင်း ပြောပြပါတယ်။

သီဟ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...