၁၈-၂-၂၀၁၃ ရက်နေ့ ၀၉၂၀ အချိန်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြက်တူရွေးသောင်ရွာနေ မင်းဦး(၂၀)နှစ်သည်
ထင်းခုတ်သွားရာမှ ကြက်တူရွေးသောင်ရွာနှင့် ရှမ်းစုရွာကြား ဘုရားကုန်းအနီး
ချုံပုတ်အတွင်း၌ သေနတ်(၁)လက် တွေ့ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ သို့ဖြစ်၍ သုဓမ္မ၀တီရဲစခန်းမှတပ်ဖွဲ့ဝင်များ၊
နယ်မြေခံတပ်မှ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ
သွားရောက်စစ်ဆေးခဲ့ရာ အသုံးပြု၍ရသည့် အမ်-၁၆ မောင်းပြန်ရိုင်ဖယ်၊
ကိုယ်ထည်အမှတ်-၅၂၈၄၆၉၊ ရှေ့ပြောင်းကာမပါ၊ ကျည်မပါသည့် ကျည်အိမ်(၁)ခုတို့အား
တွေ့ရှိရ၍ နယ်မြေခံတပ်မှ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment