ဧဒင်အချစ်ပုံပြင်: အထောက် အထားမဲ့ မြန်မာ အလုပ်သမား များအား ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ထိုင်းနိုင်ငံ အတွင်း စခန်း ၁၁ ခု၌ အထောက်အထား ထုတ်ပေးမည်

Wednesday 6 February 2013

အထောက် အထားမဲ့ မြန်မာ အလုပ်သမား များအား ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ထိုင်းနိုင်ငံ အတွင်း စခန်း ၁၁ ခု၌ အထောက်အထား ထုတ်ပေးမည်

ထိုင်းနိုင်ငံ အတွင်း သွားရောက် အလုပ်လုပ် ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ အတွက် အထောက်အထားများ ထုတ်ပေးရေး လုပ်ငန်းစဉ်အား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ပိတ်သိမ်းရန် ထိုင်းနိုင်ငံမှ ဆုံးဖြတ်ခဲ့သော်လည်း နှစ်နိုင်ငံ ခေါင်းဆောင် များ၏ ဆွေးနွေး ညှိနှိုင်းမှုအရ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား များအား ဆောင်ရွက်ပေးလျက် ရှိသည့် ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခြင်း မပြုဘဲ အချိန်ကာလ သုံးလ ထပ်မံ တိုးမြှင့် ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတကြီးနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့၏ ဒီဇင်ဘာ ၁၇ ရက်က ထားဝယ်တွင် တွေ့ဆုံ ဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့သည်။

အဆိုပါ သဘော တူညီမှုအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်း အဝေးများ ကျင်းပ၍ လုပ်ငန်း ဆောင်ရွက်ရန် ဖွင့်လှစ် မည့် နေရာ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဖေဖော် ဝါရီ ၃ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ တတိယ အကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန အလုပ်အကိုင် ဌာနမှ ညွှန်ကြားရေး မှူးချုပ် Mr. Pravit Khiengpol ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေး ခဲ့ကြသည်။

ထိုင်းနိုင်ငံ အတွင်း ဖွင့်လှစ်မည့် ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး စခန်း ၁၁ ခုမှာ စမုပရာကန်၊ စမုစခုန် (မဟာချိုင်)၊ စူရပ်ဌာနီ၊ ပထုံဌာနီ၊ ရေရောင်၊ ကန်ချန် နဘူရီ၊ ခွန်ခမ်၊ ချင်းမိုင်၊ ချင်းရိုင်၊ တပ်ခ်နှင့် ရနောင်း တို့၌ လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၅ရက်တွင် စတင်မည် ဖြစ်ကြောင်း၊ စခန်းများသို့ လာရောက် အထောက်အထား ပြုလုပ်သော မြန်မာ အလုပ် သမားများ စာရင်း အပေါ် မူတည်၍ မတ် ၁၅ ရက် နောက်ပိုင်းတွင် စခန်းများ တိုးခြင်း၊ လျှော့ခြင်းများ ပြုလုပ်နိုင်ရန် နှစ်နိုင်ငံ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေး ထပ်မံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အကယ်၍ သတ်မှတ်ကာလ အတွင်း အထောက်အထား ပြုလုပ်ရန် မြန်မာ အလုပ်သမားများ ကျန်ရှိပါက စခန်းများ နောက်ထပ် သက်တမ်း တိုးမြှင့် ဖွင့်လှစ် ဆောင်ရွက်ရေး ကိစ္စကို ထိုင်းအစိုးရ အဖွဲ့သို့ တင်ပြ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/11TjhkP

Credit to : မြ၀တီ
https://www.facebook.com/excellencemedia

အေးချမ်းမွန်

ထိုင်းနိုင်ငံ အတွင်း သွားရောက် အလုပ်လုပ် ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ အတွက် အထောက်အထားများ ထုတ်ပေးရေး လုပ်ငန်းစဉ်အား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ပိတ်သိမ်းရန် ထိုင်းနိုင်ငံမှ ဆုံးဖြတ်ခဲ့သော်လည်း နှစ်နိုင်ငံ ခေါင်းဆောင် များ၏ ဆွေးနွေး ညှိနှိုင်းမှုအရ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား များအား ဆောင်ရွက်ပေးလျက် ရှိသည့် ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခြင်း မပြုဘဲ အချိန်ကာလ သုံးလ ထပ်မံ တိုးမြှင့် ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတကြီးနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့၏ ဒီဇင်ဘာ ၁၇ ရက်က ထားဝယ်တွင် တွေ့ဆုံ ဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့သည်။
အဆိုပါ သဘော တူညီမှုအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်း အဝေးများ ကျင်းပ၍ လုပ်ငန်း ဆောင်ရွက်ရန် ဖွင့်လှစ် မည့် နေရာ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဖေဖော် ဝါရီ ၃ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ တတိယ အကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန အလုပ်အကိုင် ဌာနမှ ညွှန်ကြားရေး မှူးချုပ် Mr. Pravit Khiengpol ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေး ခဲ့ကြသည်။

ထိုင်းနိုင်ငံ အတွင်း ဖွင့်လှစ်မည့် ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး စခန်း ၁၁ ခုမှာ စမုပရာကန်၊ စမုစခုန် (မဟာချိုင်)၊ စူရပ်ဌာနီ၊ ပထုံဌာနီ၊ ရေရောင်၊ ကန်ချန် နဘူရီ၊ ခွန်ခမ်၊ ချင်းမိုင်၊ ချင်းရိုင်၊ တပ်ခ်နှင့် ရနောင်း တို့၌ လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၅ရက်တွင် စတင်မည် ဖြစ်ကြောင်း၊ 
 
စခန်းများသို့ လာရောက် အထောက်အထား ပြုလုပ်သော မြန်မာ အလုပ် သမားများ စာရင်း အပေါ် မူတည်၍ မတ် ၁၅ ရက် နောက်ပိုင်းတွင် စခန်းများ တိုးခြင်း၊ လျှော့ခြင်းများ ပြုလုပ်နိုင်ရန် နှစ်နိုင်ငံ ကျွမ်းကျင်သူများ ညှိနှိုင်း အစည်းအဝေး ထပ်မံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ 
 
အကယ်၍ သတ်မှတ်ကာလ အတွင်း အထောက်အထား ပြုလုပ်ရန် မြန်မာ အလုပ်သမားများ ကျန်ရှိပါက စခန်းများ နောက်ထပ် သက်တမ်း တိုးမြှင့် ဖွင့်လှစ် ဆောင်ရွက်ရေး ကိစ္စကို ထိုင်းအစိုးရ အဖွဲ့သို့ တင်ပြ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...