ဧဒင်အချစ်ပုံပြင်: မင်္ဂလာပွဲမှာ အရမ်းဝမ်းနည်းခဲ့ရတဲ့ ပြေဇင်

Wednesday 6 February 2013

မင်္ဂလာပွဲမှာ အရမ်းဝမ်းနည်းခဲ့ရတဲ့ ပြေဇင်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၄)
မင်္ဂလာပွဲမှာ မိဘနှစ်ပါးလုံး မရှိတော့သည့် အတွက် အရမ်းဝမ်း နည်းခဲ့ကြောင်း သရုပ်ဆောင် ပြေဇင်က ပြောသည်။
”မင်္ဂလာဆောင် အချိန် မတိုင်ခင် ကတည်းက မိဘနှစ်ပါး စလုံးကို သတိရနေတယ်။ အချိန်တိုင်း အချိန်တိုင်း အဖေနဲ့ အမေကို သတိရတယ်။ အဲဒီလို သတိရတဲ့ စိတ် ဖြစ်ပေါ်ရင် ကျွန်တော့် ရဲ့စိတ်ကို ကျွန် တော် ချက်ချင်း ပြန်ဖြေရတယ်။ ရှိမှ မရှိတော့တာ ဝမ်းနည်း နေလို့လည်း ပြန်မရတော့ဘူးလေ။ ပစ္စည်း ပျောက်သွားရင် ပြန်ရှာ လို့ ရသေးတယ်။ ဒါက အဖေအမေ ဆုံးသွားတာက
ဘယ်လိုမှ ပြန်ရှာလို့မရဘူး”ဟု ပြေဇင်က ဆိုသည်။
”ကျွန်တော့် ဇနီးဘက်ကလည်း အဖေ မရှိတော့ဘူး။ အမေ တစ်ယောက်တည်းပဲ ရှိတော့တယ်။ အဲဒီ အတွက်ကြောင့် လင်မယား နှစ်ယောက်စလုံး ပေါင်းမှ ဒီအမေ တစ်ယောက်တည်းကို စုပုံပြီး ချစ်ခင်ကြရ တယ်။ အမေ တစ်ယောက်ကိုပဲ ကျွန်တော်တို့ လင်မယားနှစ် ယောက်စလုံး အချစ်တွေ ပေးထား တယ်”ဟု ၄င်းကပြောသည်။
လာမည့် မတ်လတွင် ဒါရိုက် တာ အနေနှင့် ဇာတ်ကား ရိုက်ရန်ရှိ ကြောင်း သိရသည်။ ပြေဇင်တို့ မင်္ဂလာပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်က ပြုလုပ်ခဲ့သည်။
တွယ်တာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...