ကမ္ဘာပေါ်တွင် ရှိရှိသမျှတက္ကစီယာဉ်မောင်းအားလုံးလိုလိုမှာ အမျိုးသားများသာဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဒေလီ၌မူ အမျိုးသမီး
တက္ကစီယာဉ်မောင်းများဖြင့် ၀န်ဆောင်မှုပေးနေသည့် အငှားယာဉ်ကုမ္ပဏီတစ်ခု ထူးထူးခြားခြားရှိနေသည်။
အဆိုပါအငှားယာဉ်ကုမ္ပဏီက အမျိုးသမီးခရီးသည်များကို သီးသန့် ၀န်ဆောင်ပေးရန်အတွက် အမျိုးသမီးတက္ကစီယာဉ်မောင်းများကို ခန့်အပ်ထားသည်။
လက်ရှိအခြေအနေတွင် အိန္ဒိယ၌ အမျိုးသမီးများလုံခြုံရေးမှာ ထိပ်တန်းဦးစားပေး ကိစ္စတစ်ခုဖြစ်လာသဖြင့် အမျိုးသမီးများအတွက် သီးသန့်ဖြစ်သော အဆိုပါတက္ကစီဝန်ဆောင်မှုမှာ လွန်စွာရေပန်းစား
လာတော့သည်။
““လမ်းပေါ်မှာ တက္ကစီမောင်းနေရတဲ့အချိန်ဆို ကျွန်မကိုယ် ကျွန်မအရမ်းကိုဂုဏ်ယူမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အမျိုးသမီးတွေအတွက် သီးသန့် ၀န်ဆောင်ပေးရတာလေ။ ကျွန်မကိုယ်တိုင်ကလည်း မိန်းမတစ်ယောက်ပဲလေ။ ကျွန်မတို့ရဲ့အလုပ်က ဒေလီမှာရှိတဲ့အမျိုးသမီးတွေကို ကူညီပံ့ပိုးပေးရတာမဟုတ်လား။ ကျွန်မတို့တွေက အမျိုးသမီးတွေကို လုံခြုံမှုပေးနိုင်တယ်လေ””ဟု အသက် ၃၁နှစ်အရွယ်ရှိ အမျိုးသမီးတက္ကစီယာဉ်မောင်းဖြစ်သူ ရှန်တီရှာမာကဆိုသည်။
ရှာမာသည် ““အမျိုးသမီးများ မောင်းနှင်ပို့ဆောင်ပေးသည့် အမျိုးသမီးများအတွက် အငှား ယာဉ်များ””ဟူသော တက္ကစီ
ဝန်ဆောင်မှုလုပ်ငန်းတွင် တာဝန်ထမ်းဆောင်သည့် အမျိုးသမီး ယာဉ်မောင်းရှစ်ဦးအနက်တစ်ဦးအပါအ၀င်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်လအတွင်း မြို့တော်ဒေလီ၌ ဘတ်စ်ကားပေါ်
တွင်ကျောင်းသူတစ်ဦး ရက်စက်ကြမ်းကြုတ်စွာ အဓမ္မပြုကျင့်ခံရ၍
သေဆုံး ခဲ့ရသည့်ဖြစ်ရပ်နောက်ပိုင်း အမျိုးသမီးသီးသန့်တက္ကစီ စီးနင်းသူများလာသည်။ ရှာမာနှင့်သူမ၏ လုပ်ဖော်ကိုင်ဖက်များမှာ သိသိသာသာ အလုပ်များလာတော့သည်။
““အဲဒီပြဿနာဖြစ်ပြီးကတည်းက ကျွန်မတို့အလုပ်က အရမ်းကိုထိုးတက်သွားတာ။ အရင်က တခြားတက္ကစီတွေစီးနေတဲ့ ခရီးသည်တွေလည်း အခုကျွန်မတို့ဘက်ကိုပြောင်းလာကြပြီလေ””ဟု ရှာမာကဆိုသည်။ ဒေလီမြို့တော်ရှိ အမျိုးသမီးအများစုက သူမတို့အနေနှင့် အမြဲလိုလိုပင်နှောင့် ယှက်ထိပါးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အထူးအားဖြင့်အများ ပြည်သူခရီးသွားပို့ ဆောင်ရေးယာဉ်များပေါ်တွင် ပိုမိုဆိုးဝါးလာနေကြောင်း ပြောဆိုကြသည်။
အမျိုးသမီးတက္ကစီများ၏ ဘ၀သည်လည်း ရှင်းလင်းလွယ်ကူသည့် ဘ၀မျိုးတော့မဟုတ်ပေ။ အဆိုပါ အမျိုးသမီးယာဉ်မောင်းများထဲမှ အချို့ဆိုလျှင် ကုမ္ပဏီသို့မ၀င်ခင်က ကားတစ်ခါမျှ မစီးခဲ့ဖူး သူများဖြစ်သည်။
ယင်းအမျိုးသမီးများမှာ ကားမောင်းတတ်ရန်နှင့် ယာဉ်စည်းကမ်း
လမ်းစည်းကမ်း နားလည်ရန်အတွက် လအတန်ကြာလေ့ကျင့်သင်ကြား
ကြရရုံမျှမက ရှေးဦးသူနာပြုစုနည်းနှင့် ပြဿနာဖြစ်ပွားလာပါက မိမိကိုယ်ကိုယ်ခုခံကာကွယ် နည်းများကိုပါ လေ့ကျင့်သင်ယူကြရသည်။
သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ကားကိုဓာတ်ဆီဖြည့်နေစဉ်အမျိုးသား တက္ကစီဒရိုင်ဘာတစ်ဦး၏ တိုက်ခိုက်မှုကိုခံခဲ့ရဖူးသည်။ အခြားအမျိုးသမီး ယာဉ်မောင်းတစ်ဦးမှာလည်း လမ်းမကြီးပေါ်၌ လမ်းပြောင်းပြန်
မောင်းခိုင်းသော လူချမ်းသာခရီးသည်စုံတွဲတစ်တွဲ၏ အလိုဆန္ဒကို မလိုက်လျောသ ဖြင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုခံခဲ့ရသေးသည်။
အဖမဲ့သော သမီးသုံးဦးကို တစ်ကိုယ်တည်း ရှာဖွေကျွေးမွေးနေရသည့် ရှာမာသည် ၂၀၁၁ခုနှစ်ကတည်းက အမျိုးသမီးတက္ကစီဒရိုင်ဘာအဖြစ် အလုပ်ဝင် ရောက်လုပ်ကိုင်ခဲ့သည်။
ယင်းအလုပ်ကို လုပ်မိသွားကတည်းကပင် သူမ၏ ဘ၀မှာ အပြောင်း
လဲကြီးပြောင်းလဲသွားတော့သည်။ တက္ကစီသမားအလုပ်က သူမဘ၀အတွက် လုံလောက် သောဝင်ငွေရရှိစေသည့် ပထမဦးဆုံးအလုပ်ဖြစ်သည်။ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၅၀ခန့် ရရှိသဖြင့် သူမ၏မိသားစုအတွက် ဖူလုံမှုရှိသည်။
သို့သော် အမျိုးသမီးတစ်ဦးအနေနှင့် ယာဉ်မောင်းအလုပ်လုပ်ကိုင်
ရသည်မှာ လုံးဝမလွယ်ကူလှပေ။ တက္ကစီယာဉ်မောင်းအားလုံးလိုလိုမှာ အမျိုးသားများချည်းဖြစ်နေသည့်အချိန်တွင် ရှာမာတို့ကဲ့သို့ အမျိုးသမီး
ဒရိုင်ဘာမှာ လက်ချိုးရေ၍ ရနေသည်။
““ကျွန်မဘယ်မှာပဲကားပါကင်ထိုးထိုး၊ နေရာတိုင်းမှာ အမျိုးသားတက္ကစီ ဒရိုင်ဘာ ငါးယောက်ခြောက်ယောက်လောက် အတူတူစုပြီးနေနေကြ
တာကို တွေ့ရမှာအသေအချာပဲ။ အမြဲလိုလိုပဲ ကျွန်မကားပါကင်ထိုးပြီး
ခရီးသည်စောင့်တဲ့နေရာတိုင်းမှာမိန်းမဆိုလို့ ကျွန်မ တစ်ယောက်ပဲ
ရှိနေတတ်တယ်။ ဒါကြောင့် ကျွန်မကားထဲမှာပဲထိုင်ပြီးနေတာ။ နောက်ထပ် မိန်းမဒရိုင်ဘာတွေ အများကြီးရှိလာရင်ကောင်းမှာ။ ဒါမှ ကျွန်မသူတို့နဲ့ ၀ိုင်းဖွဲ့နိုင်မှာ””ဟု ရှာမာက ဆိုသည်။
လမ်းပေါ်တွင် ယာဉ်မောင်းနေစဉ်မှာလည်း ရှာမာအတွက်စိတ်သက်သာစရာ
ရှာမတွေ့ပေ။ လမ်းပေါ်၌ရင်ဆိုင်ရသော အမျိုးသားယာဉ်မောင်းများမှာ စာနာညှာတာမှုမရှိကြောင်း သူမက ပြောသည်။
““သူတို့တွေက (အမျိုးသားယာဉ်မောင်းတွေက) မိန်းကလေးတစ်ယောက် ကားမောင်းတာ မြင်တာနဲ့ ဘာအကြောင်းမှမရှိဘဲ ဟွန်းတွေ စတီး
တော့တာပဲ။ ပြီးရင်ကားကိုကျော်တက်ဖို့ကြိုးစားမယ်။ တစ်ယောက်
ယောက်နဲ့ တိုက်မိခိုက်မိမှာကို ဘယ်လိုရှောင်တိမ်းရမလဲဆိုပြီး ကျွန်မအမြဲတမ်း တွေးပူနေရတယ်””
မကြာမီမှာပင် သူမပြောသည့်အတိုင်း မျက်ဝါးထင်ထင်ကြုံတွေ့လိုက်
ရသည်။ လမ်းဆုံတစ်ခုတွင် ရှာမာက ဂငယ်ကွေ့ကွေ့ရန်ပြင်နေချိန်တွင် သူမ၏နောက်တွင် ကားအချို့ရှိနေခဲ့သည်။ အဆိုပါ ကားများအနက်
အစိုးရဌာနဆိုင်ရာဂျစ်ကားတစ်စီးပေါ်မှ ဒရိုင်ဘာက သည်းညည်းခံ
မစောင့်ဘဲ ဟွန်းကို စတီးတော့သည်။ အခြားယာဉ်မောင်းများကလည်း အမျိုးသမီးတစ်ဦးကိုတင်ဆောင်လာသည့် အမျိုးသမီး ယာဉ်မောင်းကို စူးစူးစိုက်စိုက် ကြည့်နေကြပုံရသည်။ ရှာမာသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ် သွားပုံရသော်လည်း ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။
““ရှေ့မှာဒီလောက်ကားတွေကျပ်ပြီးပိတ်နေတာ။ ကျွန်မဘယ်လိုကွေ့လို့
ရမလဲပြောပါဦး။ ဘာပြောရမှန်းကိုမသိတော့ဘူး””ဟု ရှာမာက ညည်း
ဆိုသည်။
အမျိုးသမီးများအတွက် အမျိုးသမီးယာဉ်မောင်းတက္ကစီဝန်ဆောင်မှု
လုပ်ငန်းကို ထူထောင်ခဲ့သည့် ဆက်ခါကုမ္ပဏီသည် ရည်မှန်းချက်များစွာဖြင့် ယင်းလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီ အနေနှင့် ဆင်းရဲသောအမျိုးသမီးများအတွက် အမျိုးသားများနှင့် တန်းတူရည်တူ ၀င်ငွေရရှိနိုင်မည့်အခွင့်အလမ်းများကို ပေးလိုကြောင်း ဆက်ခါ၏ အရာရှိချုပ် နေယန်တာရာ ဂျနာဒန်က ပြောကြားသည်။ အမျိုးသမီးများကို နည်းပညာ၊ စက်မှုအတတ်ပညာများ တတ်မြောက်စေခြင်းအားဖြင့် (သို့မဟုတ်) အနည်းဆုံးကားနှင့်ပတ်သက်၍ တတ်ကျွမ်းစေခြင်းဖြင့် သဘောထားအမြင်များ ပြောင်းလိုစိတ်ရှိလာမည်ဖြစ်ပြီး အမျိုးသမီးများ
အတွက် အကန့် အသတ်အတားအဆီးများလည်း နည်းပါးလာမည်
ဖြစ်ကြောင်း သူမကဆိုသည်။
ဆက်ခါကုမ္ပဏီအနေနှင့် ယင်းလုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က အမျိုးသမီးတက္ကစီ ၀န်ဆောင်ပေးရန်မဟုတ်ပေ။ အမှန်တကယ်မှာ အိမ်ကားများ အချိန်ပိုင်းဖြင့် လိုက်လံ မောင်းနှင်ပေးသော အမျိုးသမီး
ယာဉ်မောင်းများငှားရမ်းပေးသည့်ဝန်ဆောင်မှုကိုသာ လုပ်ကိုင်ရန်ဖြစ်သည်။ ယခုဆိုလျှင် ကုမ္ပဏီ၌ အချိန်ပိုင်းအိမ်စီးကားမောင်းပေးသည့် အမျိုးသမီး ၀န်ထမ်း ၅၀ဦးခန့်ရှိနေပြီဖြစ်သည်။ သို့သော် အမျိုးသမီးယာဉ်မောင်း
များအပေါ် အကောင်းမမြင်ဘဲ လိင်ခွဲခြားဘက်လိုက်မှုမှာ ကြီးကြီးမားမား
ရှိနေကြောင်း သူမကဆိုသည်။
အမျိုးသမီးအများစုမှာ မိမိ၏သားသမီးများကို ကျောင်းကြိုပို့ရာ၌ လည်းကောင်း၊ အခြားနေရာများသို့ပို့ဆောင်ရာ၌လည်းကောင်း
အမျိုးသား ယာဉ်မောင်းများကိုသာ အားထားယုံကြည်ကြသည်။ သူတို့၏ကလေးများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမျိုးသမီး
ယာဉ်မောင်းများကို အားကိုးအားထားပြုနိုင်သည်ဟု မထင်ကြပေ။ သို့အတွက် အစပိုင်းတွင် အမျိုးသမီးအိမ်စီးကားဒရိုင်ဘာများကို ငှားရမ်းလိုစိတ်နည်းခဲ့ကြကြောင်း ဂျနာဒန်ကပြောပြသည်။ နောက်ပိုင်းတွင် အမျိုးသမီးဒရိုင်ဘာကို စတင်ငှားရမ်းအသုံးပြုခဲ့သော ဖောက်သည်များမှ
အစပြု၍ သူတို့၏မိတ်ဆွေများနှင့် ဆွေမျိုးများထံကောင်းသတင်းပျံ့၍ လုပ်ငန်းတွင်ကျယ်လာခြင်းဖြစ်သည်။
““အစပိုင်းက ကျွန်မတို့မှာ အမျိုးသမီးယာဉ်မောင်းခုနစ်ဦးပဲရှိတယ်။ အဲဒီအချိန်မှာပဲ နောက်ထပ်အလုပ်တိုးချဲ့ဖို့အမြင်နည်းနည်းရှိလာတယ်””
ဟု ဂျနာဒါကဆိုသည်။ ယင်းအချိန်မှစ၍ ကုမ္ပဏီသည် အမျိုးသမီး
တက္ကစီဝန်ဆောင်မှုကို စတင်လုပ်ဆောင်ခဲ့သည်။ ကနဦးတွင် တက္ကစီ တစ်စီးနှင့် အမျိုးသမီးဒရိုင်ဘာနှစ်ဦးဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။
ဒေလီမြို့တော်၌ အမျိုးသမီး များတက္ကစီမောင်းပြီးဝန်ဆောင်မှုပေးမည့် အလုပ်မျိုးကို မည်သူကမျှလုပ်ကိုင်ရန် စဉ်းစားမည် မဟုတ်ကြောင်း၊
သို့သော် ၎င်းတို့အနေနှင့် သွေးတိုးစမ်းလုပ်ကိုင်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သူမက ပြောပြသည်။
ယခုအခါတွင်မူ အဆိုပါလုပ်ငန်း၌ တက္ကစီရှစ်စီးအထိရှိလာပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်လအတွင်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်မှုခံရသည့် ဖြစ်ရပ်နောက်ပိုင်း ဆက်ခါကုမ္ပဏီ၏ အမျိုးသမီး သီးသန့်ဝန်ဆောင်မှုအတွက် အကူအညီပေးရန်ကမ်းလှမ်းထားသော
ကမ္ဘာတစ်လွှားမှ ပြည်သူတို့၏ဖုန်းခေါ်ဆိုမှုများနှင့် အီးမေးလ်များကို ဂျနာဒါတစ်ယောက်လက်ခံရရှိခဲ့သည်။ ၎င်းတို့၏လုပ်ငန်းမှာလည်း
ဖောက်သည် ဦးရေ ၄၀ရာခိုင်နှုန်းအထိတိုးတက်လာသည်ဟု ဂျနာဒါကဆိုသည်။
၎င်းတို့၏ဖောက်သည်အများစုမှာ အများအားဖြင့်တစ်ဦးတည်း ခရီးသွားလာရန် လိုအပ်သော လွတ်လပ်သည့်လူချမ်းသာအမျိုးသမီးများ
ဖြစ်သည်။ အချို့မှာ ဒေလီမြို့တော်သို့ အသစ်ရောက်ရှိလာသူများဖြစ်ပြီး အချို့မှာ မြို့တော်သို့လမ်းကြုံဝင်လာသူများ ဖြစ်သည်။ ယင်းလုပ်ငန်း၏ ပထမဆုံးဖောက်သည်များထဲမှ တစ်ဦးမှာ နိုင်ငံတကာဆင်းရဲနွမ်းပါးသူ အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့တွင် လုပ်ကိုင်နေသူ အသက် ၄၀အရွယ် ပရန်နီတာဆူကန်ယာဖြစ်သည်။ သူမကနိုင်ငံခြားမှရောက်လာသော သူမ၏လုပ်ဖော်ကိုင်ဖက်များကို အဆိုပါတက္ကစီများစီးနင်းရန်ခဏခဏ အကြံပြုတတ်သည်။
““အိန္ဒိယကို ပထမဆုံးအကြိမ်ရောက်လာတဲ့အမျိုးသမီးအများစုက
ကြောက်ရွံ့ ထိတ်လန့်စရာကောင်းတဲ့ မုဒိမ်းမှုအကြောင်းကို ကြားဖူးတဲ့ သူတွေချည်းပဲ။ ပြီးတော့ ဒီမြို့တော်ကြီးရဲ့အကြောင်းကိုလည်း သူတို့ဘာမှ မသိဘူးလေ””ဟု သူမကပြောပြသည်။ ဆက်ခါကုမ္ပဏီက အဆိုပါ အမျိုးသမီးများကို အကူအညီပေး၍ ဒေလီမြို့တော်၌ လုံခြုံစိတ်ချစွာ
လေ့လာကြည့်ရှုနိုင်ရန် ပို့ဆောင်ပေးသည်။
အမျိုးသမီးများအတွက် ၀န်ဆောင်မှုပေးသော အမျိုးသမီး တက္ကစီ လုပ်ငန်းများက ဒေလီ၌သာမက မွမ်ဘိုင်းနှင့်ကိုးလ်ကတ္တားမြို့တို့၌လည်း ရှိနေပြီဖြစ်သည်။ အဆိုပါအမျိုးသမီး တက္ကစီများက အိန္ဒိယ လူမှုအဖွဲ့ အစည်းအတွင်း၌ ကျားမကွဲပြားမှုအပေါ် ခွဲခြားရှုမြင်သည့် ရှေးရိုးစဉ်လာ အမြင်ဟောင်းများ ကို တစ်စချင်း ချိုးဖဲ့လာနေပြီဖြစ်သည်။
Ref: Delhi's No.1 ladies' taxi company By Rhitu Chatterjee
ကျော်မင်း
Myanmar Tandawsint

No comments:
Post a Comment