ဧဒင်အချစ်ပုံပြင်: “လူကုန်ကူးခံခဲ့ရသူ ၃၂ဦးအား ထိုင်းအစိုးရပြန်ပို့”

Thursday 21 February 2013

“လူကုန်ကူးခံခဲ့ရသူ ၃၂ဦးအား ထိုင်းအစိုးရပြန်ပို့”



ဖေဖေါ်ဝါရီ ၂၀     
မင်းဘခက်
              ထိုင်းနိုင်ငံ မဟာချိုင် ပုဇွန်အအေးခန်း အလုပ်ရုံနှင့် ခြုံဘူရီ ခရိုင် ချောင်းစမေးစံ ငါဖမ်းလှေ ဆိပ်တို့တွင် လူကုန်ကူးခံခဲ့ရာမှ  ၂၀၁၂ခုနှစ်အတွင်း ကလွတ်မြောက်ခဲ့ကြသည့် မြန်မာအလုပ်သမား၃၂  ဦးတို့အားဘုရားသုံးဆူနယ်စပ်မှယနေ့တွင်ပြန်လည် ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ များပြောပြချက်အရသိရသည်။
        ယနေ့ပြန်လည်ပို့ဆောင်ခဲ့သည့် မြန်မာအလုပ်သမား ၃၂ ဦး ထဲတွင် အမျိုးသမီး ၁၆ဦးနှင့်အမျိုးသား၁၆ ဦးတို့ပါဝင်ကာ အသက် မပြည့်သေးသည့်ကလေးအလုပ်သမားတစ်ချို့လည်းပါဝင်သည်။
       ၂၀၁၂ နှစ်နှစ် မေလ၁၅ ရက်နေ့က  တစ်နေ့လျှင် ၁၆နာရီ ထက် မနည်း အလုပ်လုပ်နေရပြီး လုပ်အား ခ ၁၀ ဘတ်သာ ရရှိသည့် မဟာချိုင် နေ၀စ် စွယ်မမ တွင်ရှိသော ဆန်းဒစ် ပုဇွန်အအေးခန်း အလုပ်ရုံမှ အလုပ်သမား ၁၄၆ ဦးအား ကယ်ထုတ်ကြစဉ် အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ် ၄ဦးပါဝင်ခဲ့သည်။
ယနေ့ပြန်လည်ပို့ဆောင်ခြင်းကို ကုလသမဂ္ဂ လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP မှ မြန်မာအရာရှိ
ဦးမောရစ် ကလည်းအတည်ပြုပြောဆိုသည်။
      အသက် ၁၆ နှစ်အရွယ် မခိုင်စုဝေ တို့  ၏ဖခင် ဦးသန်းရွှေဦး က “ ကျနော့်သမီးတို့ရောင်းစားခံရပြီး
နာရီပေါင်းများစွာအလုပ်လုပ်နေကြရတာကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့က ကယ်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ခဲ့ တယ်။  ကျနော်တို့သမီးနဲ့ ဖုန်းလည်းဆက်သွယ်ခွင့်မရ၊ ဘယ်ရောက်လို့ရောက်နေမှန်းမသိ၊ မိဘတွေဖြစ်တဲ့ ကျနော်တို့ နေ့တိုင်း စိတ်ပူနေရတယ်။ ၉လတိတိ အမည်ခံ ကယ်ဆယ်ရေးစခန်းမှာ တစ်ပြားမှ ၀င်ငွေမရပဲနေခဲ့ရတယ်။ ပြန်ပို့တဲ့အခါ  မိဘတွေရှိတဲ့ မြ၀တီ
ဘက်ကမပို့ပဲ ဘုရားသုံးဆူဘက်က ပို့လိုက်တယ်၊ ပွဲစားတွေ လူကုန်ကူးပြီး အစိုးရတွေ ဆက်လက်လူ
ကုန်ကူးနေသလိုပဲ။  ကျနော့သမီးတို့သာ  ၉လကြာခဲ့တာ ပွဲစားနဲ့ ထိုင်းလုပ်ငန်းရှင်တွေက တစ်ရက်
တောင် အကျဉ်းချမခံရဘူးလို့သိရတယ်” ဟု စိတ်ထိခိုက်စွာဖြင့်ပြောသည်။
ထိုင်းနိုင်ငံတွင် ပြဌာန်းကျင့်သုံးနေသည့် လူကုန်ကူးမှုဥပဒေမှာ လူကုန်ကူးခံရသူများအတွက် အခွင့်အရေး
အထူးနည်းပါးပြီး လူကုန်ကူးမှုကိုကျူးလွန်သူများအတွက်မူ အခွင့်အရေးအထူးသာသည်။ ထို့အပြင်  ခြစားမှု
များစွာရှိသည့်အပြင် ထိုင်းအာဏာပိုင်များကိုယ်တိုင် လူကုန်ကူးခြင်း၊ ၎င်းတို့ကိုယ်ပိုင်အလုပ်ရုံများတွင်အဓမ္မ
ခိုင်းစေခြင်းများ ပြုလေ့ရှိသည်။
               MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ရောင်းစားခံ ထားရတဲ့ နေရာကို  ကျနော်တို့သိပေမယ့် အရေးယူလို့မရသေး တာတွေအများကြီးရှိတယ်၊ သူတို့သတ်မှတ်ချက်တွေအများကြီးကို ကျနော်တို့စွန့်စားပြီးမှ အချက်အလက်တွေစုဆောင်း ရတယ်။   သဘာဝတော့ကျပါတယ်။ ထိုင်း လုပ်ငန်းရှင် လည်းအကျိုးရှိ၊ နယ်မြေရဲကလည်း ပိုက်ဆံရ။ ကျွန်ပြုခိုင်းစေခံနေရတာ က မြန်မာ အလုပ်သမားတွေလေ။ ကျနော်တို့ လူကုန်ကူးသူတွေကို ကယ်ထုတ် တာနဲ့ မတူပဲ၊ ခန္ဓာကိုယ်ပင်ပန်းတဲ့နေရာက စိတ်ဆင်းရဲ တဲ့ နေရာ ကိုပြောင်းပေးလိုက်တာနဲ့ အတူတူပဲ၊ ရလဒ်ကတော့ ကျနော်တို့ကို ထိုင်းလုပ်ငန်းရှင်တွေနဲ့ ထိုင်းအာဏာပိုင်တွေက မျက်မုန်းကျိုး တယ်၊ ခြိမ်းခြောက်တာတွေခံလာရတယ်”
             ဆယ်စုနှစ်ပေါင်းများစွာ တရားဝင်လမ်းကြောင်းမှ လူကုန် ကူးသူများနှင့် ထိုင်းအာဏာပိုင်များ မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံအနှံ့အပြားသို့တင်တင်သွင်းရုံသာမက မလေးရှား နှင့် အခြားနိုင်ငံများသို့ပါ တင်ပို့လာခဲ့ပြီးဖြစ်သည်။ သိန်းနှင့်ချီ၍ အဓမ္မခိုင်းစေခံရေသည့် မြန်မာအလုပ်သမားများအား လွတ်မြောက်အောင်
ကယ်တင်နိုင်မည်အဖွဲ့အစည်းများ ထိုင်းနိုင်ငံအတွင်း အထူးလို အပ်လျှက်ရှိကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက် သူများက ပြောဆိုကြသည်။




by- goldenworkers

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...