
ဖြစ်စဉ်မှာ မြောက်ဥက္ကလာအ၀ိုင်းဘက်မှ (ဃ) ဈေးဘက်သို့ အရှိန်ဖြင့် ဦးတည်မောင်းနှင်လာသော ကျူရှင်ကြို/ပို့ဘီအမ်နှင့် (ဃ) ဈေးဘက်မှ မြောက်ဒဂုံဘက်သို့ လမ်းပြောင်းပြန် မောင်းနှင်လာသည့် ဂျစ်ကားတို့ မီးပွိုင့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
''ကျွန်တော်က ကွေ့ကြောပေးနေတဲ့အချိန်မှာ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကွေ့တဲ့ကားနှစ်စီးကို အရင်လွှတ်ပေးလိုက်တယ်။ပြီးတော့ ကျွန်တော်ထွက်တော့ ဂျစ်ကားက လမ်းပြောင်းပြန်တက်လာတယ်''ဟု ဘီအမ်ယာဉ်မောင်းက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဂျစ်ကားပေါ်တွင် လိုက်ပါလာသော လူနှစ်ဦးမှာ ဒဏ်ရာပြင်း ထန်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရပြီး အဆိုပါဒဏ်ရာရသူနှစ်ဦးကို မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
''ကျွန်တော်တွေ့တော့ ဂျစ်ကား တစ်စီးလုံးက အရှေ့ပိုင်းတစ်ခုလုံး ကြေမွ ပျက်စီးသွားတယ်။မောင်းတဲ့ လူဘေးမှာထိုင်တဲ့ လူတစ်ယောက်က ကားရဲ့အပြင်ဘက်ကို ကျနေတယ်။ဘီအမ်ကားကတော့ တစ်ပေခွဲလောက်ရှိတဲ့ လမ်းလယ်ကျွန်းပေါ်ကို တက်သွားပြီး ရပ်သွားတယ်။ဂျစ်ကားပေါ် က လူနှစ်ယောက်ကို အနီးမှာရှိတဲ့လူတွေက မြောက်ဥက္ကလာပဆေးရုံကို ပို့လိုက်တယ်''ဟု အဆိုပါဖြစ်စဉ်အနီးတွင်ရှိသော မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment