
ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၇ နာရီ၌ ဖျော်ဖြေ သီဆိုခဲ့သည်။ အဆိုပါ ပထမဆုံး အကြိမ် ဖျော်ဖြေတင်ဆက် ခဲ့မှုနှင့် ပတ်သက်ပြီး စင်ကာပူ နိုင်ငံ ရှိ Grand Copthorne Waterfront ဟိုတယ် ၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် Miss A အဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ Miss A အဖွဲ့ဝင် Fei, Jia, Min နှင့် Suzy တို့သည် ၎င်းတို့ သီဆိုခဲ့သော girl-next-door သီချင်းကဲ့သို့ လက်တွေ့ဆန်ပြီး သဘာဝကျသော မိန်းကလေးများ ဖြစ်သည်။ ဖျော်ဖြေ တင်ဆက်ခဲ့သော တေးစီးရီးတွင် ပါရှိသည့် တေးသီချင်းများသည် မိမိတို့ ကိုယ်ပိုင် သီချင်းများ မဟုတ်သော်လည်း ဖျော်ဖြေ တင်ဆက်မှုကို ပရိသတ်များက နှစ်သက် လက်ခံ လိမ့်မည်ဟု မျှော်လင့် ကြောင်း Jia က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
No comments:
Post a Comment