ဧဒင်အချစ်ပုံပြင်: မြေကျင်း တူးရာမှ အမြောက် ကျည်ဆန်များ တွေ့ရှိ

Sunday 10 March 2013

မြေကျင်း တူးရာမှ အမြောက် ကျည်ဆန်များ တွေ့ရှိ


Photo: မြေကျင်း တူးရာမှ အမြောက် ကျည်ဆန်များ တွေ့ရှိ

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ မြဝတီ ရပ်ကွက်ရှိ ဦးထွန်းမြင့်ဦး၏ နေအိမ်ဝင်း အတွင်း RC တစ်ထပ်တိုက် ဆောက်လုပ်ရန် ဖောင်ဒေးရှင်း တူးရာမှ အမြောက် ကျည်ဆန်များ တွေ့ရှိ ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၈ ရက် ညနေပိုင်းက ဦးဖိုးလုံးနှင့် ငါးဦးတို့မှ အကျယ် ၂ ပေ၊ အနက် ၃ ပေရှိ ပေ ၃ဝ ပတ်လည် ကျင်းတူး နေစဉ် အရှည် ၁ ပေ ၆ လက်မ၊ လုံးပတ် ၄ လက်မရှိ အမြောက် ကျည်ဆန် ငါးလုံး၊ ထိပ်ဖူး ၁၅ ခု တို့အား တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တူးဖော် တွေ့ရှိမှုအား ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းဦးနှင့် တာဝန်ရှိသူများ ထံသို့ သတင်း ပို့ခဲ့ပြီး ဆက်လက် တူးဖော်ခဲ့ရာ ယမန်နေ့ ညနေပိုင်းက အရှည် ၁ ပေ၊ လုံးပတ် ၄ လက်မရှိ အမြောက် ကျည်ဆန် ၅ ခု ထပ်မံ တွေ့ရှိခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ထားဝယ်ဈေး အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင် တို့က အမှတ် (၁) ရဲစခန်းသို့ အကြောင်းကြား ခဲ့သည်။

အဆိုပါ အမြောက် ကျည်ဆန်များအား ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်က သက်ဆိုင်ရာသို့ ဆက်လက် လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ မြဝတီ ရပ်ကွက်ရှိ ဦးထွန်းမြင့်ဦး၏ နေအိမ်ဝင်း အတွင်း RC တစ်ထပ်တိုက် ဆောက်လုပ်ရန် ဖောင်ဒေးရှင်း တူးရာမှ အမြောက် ကျည်ဆန်များ တွေ့ရှိ ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၈ ရက် ညနေပိုင်းက ဦးဖိုးလုံးနှင့် ငါးဦးတို့မှ အကျယ် ၂ ပေ၊ အနက် ၃ ပေရှိ ပေ ၃ဝ ပတ်လည် ကျင်းတူး နေစဉ် အရှည် ၁ ပေ ၆ လက်မ၊ လုံးပတ် ၄ လက်မရှိ အမြောက် ကျည်ဆန် ငါးလုံး၊ ထိပ်ဖူး ၁၅ ခု တို့အား တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တူးဖော် တွေ့ရှိမှုအား ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းဦးနှင့် တာဝန်ရှိသူများ ထံသို့ သတင်း ပို့ခဲ့ပြီး ဆက်လက် တူးဖော်ခဲ့ရာ ယမန်နေ့ ညနေပိုင်းက အရှည် ၁ ပေ၊ လုံးပတ် ၄ လက်မရှိ အမြောက် ကျည်ဆန် ၅ ခု ထပ်မံ တွေ့ရှိခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ထားဝယ်ဈေး အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင် တို့က အမှတ် (၁) ရဲစခန်းသို့ အကြောင်းကြား ခဲ့သည်။

အဆိုပါ အမြောက် ကျည်ဆန်များအား ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်က သက်ဆိုင်ရာသို့ ဆက်လက် လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...