ဧဒင်အချစ်ပုံပြင်: တရုတ်နိုင်ငံတောင်ပိုင်းတွင် အမျိုးသားတစ်ဦးမြေကြီးထဲကျွံကျ…

Saturday 30 March 2013

တရုတ်နိုင်ငံတောင်ပိုင်းတွင် အမျိုးသားတစ်ဦးမြေကြီးထဲကျွံကျ…


မတ်လ(၂၇)ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် မီတာ(၂၀)အနက်
ရှိသည့် မြေကျင်းကြီးတစ်ခုထဲကို လုံခြုံရေးအမျိုးသားတစ်ဦးမတ်တပ်ရပ်
နေစဉ်ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။အသက်(၂၅)နှစ်အရွယ် လုံခြုံ
ရေးအမျိုးသားယန်စီဘင်းသည် ရှန်ဇီးမြို့အိမ်ယာဝင်းတစ်ခုအတွင်းက
လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီးမြေကြီးထဲကျွံကျမှုကြောင့် ဒဏ်ရာအပြင်း
အထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။အနီးပတ်ဝန်းကျင်
နေရပ်ကွက်သူရပ်ကွက်သားများသည် အခင်းဖြစ်ပွားရာနှင့် အနီးရှိဆောက်
လုပ်ရေးလုပ်ငန်းခွင်တရားမ၀င်မြေကြီးတူးဖော်မှုများကြောင့် ယခုလိုဖြစ်ပွား
ရခြင်းဖြစ်ကြောင်း အပြစ်တင်ပြောဆိုလျက်ရှိသည်။လက်ရှိအခြေအနေတွင်
တာဝန်ရှိသူများက မြေကြီးကျွံကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို
ရှာဖွေလျှက်ရှိပြီး အခင်းဖြစ်ပွားခဲ့သည့် အဆောက်အအုံကလူများကို
ယာယီတည်းခိုစရာစီစဉ်ပေးထားကြောင်း ရိုက်တာသတင်းဌာနက တင်ပြသွားသည်။
SkyNet TV Browser

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...