ဧဒင်အချစ်ပုံပြင်: သမီး ဖြစ်သူ၏ အိမ်ထောင်ဖက် ရွေးချယ် မှုကို ကျေနပ်ကြောင်း မီချဲလ်ယို၏ မိခင် ဖြစ်သူ ပြောကြား

Sunday 24 March 2013

သမီး ဖြစ်သူ၏ အိမ်ထောင်ဖက် ရွေးချယ် မှုကို ကျေနပ်ကြောင်း မီချဲလ်ယို၏ မိခင် ဖြစ်သူ ပြောကြား



နိုင်ငံတကာ ကား ထုတ်လုပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်သူ အသက် ၆၇ နှစ် အရွယ်ရှိ ဂျင်းတော့နှင့် သမီးဖြစ်သူ လက်ထပ် မည်ကို ကျေနပ် မိကြောင်း မလေးရှား ရုပ်ရှင် မင်းသမီးချော မီချဲလ်ယို၏ မိခင် ဖြစ်သူက ပြောကြား ခဲ့ကြောင်း သိရသည်။

မိမိသည် ပွင့်လင်းစွာ ပြောဆို တတ်သူ ဖြစ်ကြောင်း၊ မိမိ အနေဖြင့် သမီး ဖြစ်သူ၏ အိမ်ထောင်ဖက် ရွေးချယ် မှုကို ကျေနပ် ကြောင်းနှင့်
မီချဲလ်၏ မင်္ဂလာ ပွဲကို မကြာမီ ကျင်းပ စေလိုကြောင်း မီချဲလ်၏ မိခင်


ဖြစ်သူ ဒါတင်ဂျာနက် သမ်ဝေချန်က ပြောကြား ခဲ့သည်။ မီချဲလ်၏ မင်္ဂ
လာပွဲ ကျင်းပမည့် ရက်ကို မိခင် ဖြစ်သူအား တွေ့ဆုံ မေးမြန်းသူ တစ်
ဦးက မေးမြန်း ခဲ့ရာ လက်ထပ်ပွဲ ရက်ကို မီချဲလ် ကိုယ်တိုင် သတ်မှတ် သွားမည်ဟု ၎င်းက ပြောကြား ခဲ့သည်။

မီချဲလ်၏ မိတ်ဆွေ အပေါင်း အသင်း များသည် မလေးရှားတွင် သာမက ကမ္ဘာ့ နိုင်ငံ အနှံ့ အပြားတွင် ရှိကြောင်း၊ မီချဲလ်သည် သူမ၏ မင်္ဂလာ ပွဲကို မလေးရှား နိုင်ငံတွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပ သွားမည်ဟု မျှော်လင့် ရကြောင်း၊ ထို့ပြင် မကြာမီ ရက်ပိုင်း အတွင်း သမီး ဖြစ်သူသည် မိဘ၏
နေအိမ်သို့ ပြန်လာမည်ဟု ယူဆ ရကြောင်း ဒါတင်က ထပ်လောင်း ပြော
ကြား ခဲ့သည်။ မီချဲလ်ယိုသည် ဂျင်းတော့နှင့် ၂ဝဝ၅ ခုနှစ် ကတည်းက
စေ့စပ် ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...