ဧဒင်အချစ်ပုံပြင်: အကြင်နာမဲ့ ညလူသတ်သမား

Thursday 21 March 2013

အကြင်နာမဲ့ ညလူသတ်သမား

Photo: အကြင်နာမဲ့ ညလူသတ်သမား
Thursday, 21 March 2013 

ရန်ကုန်မြို့ရဲ့ ညအချိန်တွေမှာ ယာဉ်တိုက်မှုတွေဖြစ်နေသလို အတိုက်ခံရသူကို အကူအညီမပေးဘဲ ထွက် ပြေးနေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

ဟံသာဝတီ အခွန်လွတ်ဈေးထောင့်မှာ ပြိုင်ကားနဲ့ ဝင်တိုက်သွားတယ်၊ အဲဒီကားက ဘက်ကြည့်မှန်တောင် ကျန်ခဲ့တယ်၊ တိုက်ပြီးထွက်ပြေး သွားတယ်၊ လှည့်တောင် မကြည့်ဘူး၊ ခြေထောက်တော့ ကျိုးသွားတယ်၊ အဲဒီနားက လူတွေလာပြောမှ ကိုယ့်ဆီကလူ ကားတိုက်ခံရမှန်းသိတာ˘လို့ ကားဝပ်ရှော့ပိုင်ရှင် ဦးမောင်မောင်လွင်က အဖြစ်အပျက်ကို ပြောပါတယ်။

တချို့ကားသမားတွေက ကားတိုက်မိသွားရင် ဝိုင်းရိုက်မှာကြောက်လို့ တိုက်ပြီး ထွက်ပြေးသွားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
တချို့ကတော့ တိုက်မိတဲ့သူမှာ ဒဏ်ရာကြီးကြီးကျယ်ကျယ် မရပေမဲ့ ကာယကံရှင်ကို ကျေနပ်အောင် ဆေးခန်းပို့ပေးသလို လျော်ကြေးလည်း
ပေးပေမဲ့ ဘေးလူတွေက မတန်တဆ လျော်ကြေးတောင်းခိုင်းတာ
တွေကြောင့် လှည့်မကြည့်ကြတာမျိုးတွေလည်း ရှိတယ်လို့ ကားသမား ကိုအောင်ကျော်က ပြောပါတယ်။

အင်းစိန်ပိတောက်လမ်းထိပ်မှာ ဆိုက်ကားနဲ့ တက္ကစီတိုက်မှု
ဖြစ်သွားတယ်။ ဘယ်သူမှမမြင်တဲ့ အချိန်ဆိုတော့ ဆိုက်ကားသမားကို အိမ်ကိုခေါ်သွားတယ်။ သတိလစ်နေတဲ့အချိန် ချိုစောင်းကို ခြောက်ချက်
ဖြစ်သလိုချုပ်ပေးလိုက်တယ်။ သတိပြန်ရလာတော့ လျော်ကြေး ကျပ် ၂၅,ဝ၀ဝ ပေးပြီး စာချုပ်မှာ ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းပြီး ကားတိုက်ခဲ့တဲ့နေရာမှာ ပြန်ချပေးသွားတယ်။

ကားတိုက်ခံရပြီးနောက်ပိုင်း ဆေးရုံတက်လိုက်ရတယ်။ စကားမပြောနိုင်ဘဲ သွားရည်တွေပဲကျနေတယ်၊ ဆေးရုံမှာ ကုတာလည်း ခြောက်သိန်းလောက် ကုန်သွားတယ်၊ အခုတော့ တဖြည်းဖြည်းနဲ့ အချိန်ယူ ကုသနေရတယ်လို့ ကားတိုက်ခံရသူ ဦးဝင်းဌေးရဲ့ တူမ ဒေါ်မိုးမိုးက ပြောပါတယ်။

ကားတိုက်ခံရတဲ့ သူတွေ ဒဏ်ရာရသွားတာမျိုး၊ အသက်သေဆုံးတာမျိုးတွေ ရှိတာကြောင့် သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေ စားဝတ်နေရေး
ပြဿနာတွေ တွေ့ကြုံကြရသလို အသက်မသေပေမဲ့ နှစ်ရှည်လများ
ဝေဒနာ ခံစားနေရတာကြောင့် ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံ
တွေ့ကြုံကြရတယ်လို့ သိရပါတယ်။

ကားတိုက်ခံလိုက်ရပြီး မြို့နယ်အပိုင် မသေချာတာကြောင့် သုံးရက်လောက်နေမှ အမှုဖွင့်လို့ ရတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
အတိုက်ခံရတဲ့ နေရာက မြို့နယ်နှစ်ခုကြားမှာ ဖြစ်နေတာကြောင့်
ပေကြိုးတွေနဲ့ တိုင်းမှ ကမာရွတ်အပိုင်ဖြစ်မှန်း သိတော့မှ အမှုဖွင့်လို့ရခဲ့တယ်၊ အခုချိန်အထိတော့ တိုက်သွားတဲ့သူကို ဖမ်းမမိသေးဘူး˘ လို့ ဟံသာဝတီ အခွန်လွတ်ဈေးထောင့် ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဦးမောင်မောင်လွင်က ပြောပါတယ်။

'အခုခေတ်က အကြင်နာတရားတွေ မဲ့ကုန်ပြီလား မသိဘူး၊ တိုက်ပြီးရင်တော့ ထွက်မပြေးဘဲ ဆေးတော့ကုပေးပေါ့၊ အခုက လမ်းပေါ်ထွက်ရင်တောင် မလုံခြုံတော့ဘူး၊ အကြင်နာတွေ မဲ့ကုန်ပြီ˘လို့ ဦးမောင်မောင်လွင်က ဆက်ပြောပါတယ်။

လူတွေက ကိုယ်ချင်းစာတရားတွေမဲ့လာပြီ၊ တိုက်ပြီးရင် ထွက်ပြေးတာ မှားတာပေါ့၊ တိုက်ပြီးထွက်ပြေးရင် ထွက်ပြေးတဲ့လူ အမှားပဲ၊ တာဝန်မဲ့တာပေါ့၊ ဖြေရှင်းပေးသင့်တာပေါ့˘ လို့ ရှမ်းလမ်းမှာနေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

အန်တီတို့ကတော့ အန်တီတို့ရှေ့မှာ ကားတိုက်မှုဖြစ်သွားလို့ တိုက်တဲ့ ကား ထွက်ပြေးသွားရင် ကားနံပါတ်မှတ်ပြီး ဖုန်းဆက်အကြောင်းကြားပေးတယ်၊ မခံချင်လို့၊ လူတွေက အကြင်နာတရားမဲ့ကုန်လာပြီ၊ သူတို့က တိုက်ပြီးမှ အသနားခံတာ၊ မတိုက်ခင် မောင်းတာ လူလိုမမောင်းဘူး˘ လို့ ဗဟိုလမ်းမှာနေတဲ့ အန်တီဝင်းက သူ့အမြင်ကို ပြောပါတယ်။

ညအချိန် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတာမျိုးတွေကြောင့် အတိုက်ခံလိုက်ရတဲ့ လူတွေ အသက်မသေဆုံးသင့်ဘဲ သေဆုံး
နေတာတွေ ဖြစ်နေပါတယ်။

ဘယ်သူမှတော့ လူတစ်ဖက်သားကို မသေစေချင်ပါဘူး၊ ကားတိုက်မိရင် ဘေးကလူတွေဝိုင်းပြောတာ၊ ရိုက်မှာကို စိုးရိမ်လို့ ကြောက်ကြလို့သာ ထွက်ပြေးတာမျိုးတွေ ဖြစ်နေတာပါ၊ တချို့ကတော့ မဟုတ်ဘူး၊ အရှင်းကို တိုက်ပြီးတာနဲ့ ထွက်ပြေးတာမျိုးတော့ ရှိကောင်းရှိပါလိမ့်မယ်˘ လို့ ဝါရင့် ယာဉ်မောင်းတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

အခုဆိုရင် မြို့စွန်လိုနေရာမျိုးမှာ ညဘက်နဲ့ နေ့ခင်းဘက်တွေမှာ လိုင်စင်မပါတဲ့ ဆိုင်ကယ်တွေက လမ်းသွားလမ်းလာတွေကို တိုက်မိပေမဲ့ အကူအညီမပေးဘဲ ထွက်ပြေးသွားတာမျိုးတွေလည်း ဖြစ်နေပါတယ်။

ယာဉ်တိုက်မှုတစ်ခုဖြစ်လို့ ရဲတွေ ရောက်လာတဲ့အခါမျိုးမှာ အတိုက်ခံ လိုက်ရတဲ့လူကို ဆေးရုံကို ချက်ချင်း အမြန်ပို့ပေးတာမျိုးတွေတော့ လုပ်ကြပါတယ်၊ အခုက ယာဉ်တိုက်မှုတစ်ခုဖြစ်ရင် ဘေးမှာ ရှိတဲ့လူတွေရဲ့ အကူအညီတွေ သိပ်မရှိကြတော့ဘူး၊ အကူအညီပေးတာတွေလဲ
ရှားလာပြီ၊ သူတို့က ရဲတွေ မေးတာမြန်းတာကို တရားခံစစ် စစ်တယ်လို့ ထင်နေကြတယ်၊ ဒါက နားလည်မှုလွဲတာပါ၊ တကယ်တော့ ရဲတွေက
ဘေးကရှိတဲ့၊ မြင်တဲ့လူကို ဖြစ်စဉ်လေးသိချင်လို့ အကူအညီတောင်းတဲ့ သဘောနဲ့ မေးတာပါ˘ လို့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မိုးစက်၊ ပြည့်ဖြိုး
Kumudraရန်ကုန်မြို့ရဲ့ ညအချိန်တွေမှာ ယာဉ်တိုက်မှုတွေဖြစ်နေသလို အတိုက်ခံရသူကို အကူအညီမပေးဘဲ ထွက် ပြေးနေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

Kumudra

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...