
Lucknow လို့ခေါ်တဲ့ ဘူတာရုံကတော့ တစ်နိုင်ငံလုံးမှာ မျောက်ပြသနာကို အခံစားရဆုံးနိုင်ငံ တစ်ခုပါ..။ မျောက်ထောင်ပေါင်းများစွာဟာ လူတွေကို ဒုက္ခပေးပြီး အစားအသောက်တွေ ခိုးယူ စားသောက်လေ့ရှိပါတယ်..။ ၂၀၀၈ ခုနှစ်မှာတော့ အဲ့ဒီပြသနာအတွက် အဖြေတစ်ခု ရှာတွေ့ခဲ့ပါတယ်..။ အဲ့ဒါကတော့ မျောက်လူသားပါ..။
သူ့နာမည်က Acchan Miyan ပါ။ သူက လမ်းပေါ်မှာနေတဲ့ လူတစ်ယောက်ပါ..။ သူလုပ်ရမယ့်အလုပ် ကတော့ မျောက်တစ်ကောင်လို ၀တ်ဆင်နေထိုင်ပြီး တစ်နေကုန် လှည့်လည်သွားလာနေရမှာပဲ ဖြစ်ပါတယ်..။ သူ တစ်နေ့ကို ၇ ဒေါ်လာကနေ ၁၀ ဒေါ်လာ ကြား ရပါတယ်.။ ဒါပေမယ့် ဒီအလုပ်က လွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး..။
သူကတော့ မျောက်တွေက သူ့ကို မတိုက်ခိုက်ပါဘူးတဲ့..။ ဒါပေမယ့် ပုံထဲမှာတွေ့ရတာတော့ သူ့ တစ်ကိုယ်လုံး အမာရွတ်တွေ အထပ်ထပ်နဲ့ပါ…။
အောင်ထွန်းဦး
No comments:
Post a Comment