ဧဒင်အချစ်ပုံပြင်: မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

Friday 1 March 2013

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ


Photo: မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါသုတေသနပြုလေ့လာမှုကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်းဖြစ်ပြီး ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီး ဓါတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်၏သေစေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သောသတ္တိကို ခြေဖျက်နိုင်စွမ်းရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် မွေကိုက်လူနာများကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ် ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေးရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိအပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အမာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါသုတေသနပြုလေ့လာမှုကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်းဖြစ်ပြီး ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီး ဓါတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်၏သေစေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သောသတ္တိကို ခြေဖျက်နိုင်စွမ်းရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် မွေကိုက်လူနာများကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ် ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေးရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိအပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အမာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...