ဧဒင်အချစ်ပုံပြင်: ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ ကပ်၍ ဖမ်းဆီးပြီ

Monday 29 April 2013

ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ ကပ်၍ ဖမ်းဆီးပြီ

Photo: ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ ကပ်၍ ဖမ်းဆီးပြီ
=========================================
လက်ပံတောင်း ဒေသတွင် ရွာသူရွာသားများ အကြား သွေးထိုးမြှောက်ပင့်ကာ ဆူပူမှုများ ဖြစ်စေ သည့် ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ နေရာအနှံ့ကပ်၍ ဖမ်းဆီးမှု စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

အစောပိုင်း ဝေငှခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်၌ အမှုဖွင့်ခံရသူများကို သတင်းပေး တိုင်ကြားရန် ပျက်ကွက် သူများအား ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရနိုင်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၆ တွင် ပြဋ္ဌာန်းထားကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန်သူကို လက်ခံထားပါက ၅ နှစ်ထောင်ဒဏ်၊ တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထားက ထောင်ဒဏ် ၃ နှစ်အထိ၊ တစ်နှစ်နှင့် ဆယ်နှစ်အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါက ပြဋ္ဌာန်းကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ပေးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။

ဟန်ဝင်းအောင် နှင့် အဖွဲ့သည် အခွင့်အရေး အပြည့်အ၀ ရမည်ဟူသော မက် လုံးဖြင့် ရွာတစ်ရွာ အား စည်းရုံးထားပြီး အခိုင်အမာ အခြေချ နေထိုင်လျှက် ရှိကြောင်း သိရသည်။ ဆူပူသူများအား ဖမ်းဆီးနိုင်ရေး အတွက် ခရိုင်ရဲတပ်ဖွဲ့ အား အတိုက်အခံ ပါတီကြီး တစ်ခုမှ အကူအညီ ပေးလျှက် ရှိပြီး ပြည်သူများ ကလည်း ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။

Opposite Eye

1 comment:

Related Posts Plugin for WordPress, Blogger...